နေ့စွဲ။ ။ ဒီဇင်ဘာလ (၃၁)ရက်၊ ၂၀၀၇၊
ယနေ့သည်ကျွန်ုပ်တို့ ဘုရင့်နိုင်ငံတော်နှင့် အမျိုးသားအချုပ်အချာအာဏာ ကျဆုံးသည် ၂၂၃-နှစ်မြောက် အမင်္ဂလာအခါသမယနေ့ ဖြစ်ပေသည်။ တနည်းအားဖြင့် ဤနေ့သည် ရခိုင်ပြည် တရပ်လုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ကျွန်ဇတ်အသွင်းခံရသောနေ့ ဖြစ်ပေသည်။ ဤနေ့တွင် ကျွန်ုပ်တို့အနေဖြင့် ရခိုင့်ဘုရင်နိုင်ငံတော်နှင့် အမျိုးသား အချုပ်အချာအာဏာ အဘယ့်ကြောင့်ကျဆုံးခဲ့ရသည်ကို လေ့လာဆန်းစစ်ဖို့လိုပေသည်။
တချိန်တည်းတွင် ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ မပြီဆုံးသေးသော တော်လှန်ရေးကို မည်သို့ ဆင်နွဲသွားကြရမည်ကိုလည်း အလေးအနက်ထား စဉ်းစားလုပ်ဆောင်သွားကြရမည် ဖြစ်ပေ သည်။
မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီအနေဖြင့် ဤသည်ကို ဆန်းစစ်ကြည့်သောအခါ အားလုံး သိကြသည့်အတိုင်း ဤသို့ဖြစ်ရခြင်းသည် တိုင်းတပါးသား ကျုးကျော်ရေးသမားများ၏ အပြစ် ချည်းမဟုတ်ပဲ မိမိတို့အထဲမှ အသားထလောက်ကောင် အမျိုးသားသစ္စာဖေါက်များ၏ လုပ်ဆောင်ချက်များအပြင် အမျိုးသားစည်းလုံးညီညွတ်ရေးပါ ပျက်စီးနေသည်ကို တွေ့ရှိရ ပေသည်။ ဘုရင့်နိုင်ငံတော်နှင့် အမျိုးသားအချုပ်အချာအာဏာ ကျဆုံးရခြင်းသည် သစ္စာဖေါက် “ ငသံဒွေ” ကြောင့်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့အား ဆန့်ကျင်သည့် ရခိုင်ပြည်သူတို့ ပထမဦးဆုံး အမျိုးသားတော်လှန်ရေးသည် အမျိုးသားသစ္စာဖေါက် “စံရဖွေ”ကြောင့်ဖြစ်ပေသည်။
တချိန်တည်းတွင် ကျွန်ုပ်တို့
ရခိုင်ပြည်အမျိုးသားကောင်စီသည် ဤအမင်္ဂလာအခမ်းအနာ၌ အခမ်းအနားသို့တက်ရောက်လာကြသည့်
နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊
တသီးပုဂ္ဂလကိုယ်စားလှယ်များအနေဖြင့်လည်း ဤသို့စနစ်တကျ ဆန်းစစ် လေ့လာကြဖို့ကိုပါ
အလေးအနက် တိုက်တွန်းလိုပေသည်။ သို့မှသာလျှင် အခမ်းအနား ကျင်းပ ရခြင်း၏ရည်ရွယ်ချက်
အနှစ်သာ ပြည့်ဝလိမ္မည့်ဟု မိမိတို့အလေးအနက် ယုံကြည်ပေသည်။ ကျွန်ုပ်တို့
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)သည်
ဤသမိုင်းသင်စာကိုယူပြီး ခေတ်သစ် ကျွန်ုပ်တို့၏ မပြီးဆုံးသေးသော
တော်လှန်ရေးကိုဆင်နွဲရာတွင် ကျွန်ုပ်တို့ပြည်သူအားလုံး၏ တပေါင်းတစည်းတည်းသော
စည်းလုံးညီညွတ်မှုကို Integrated Unity
တည်ဆောက်လျှက် ရှိပေသည်။
အခြားတဖက်တွင် ကျွန်ုပ်တို့အားလုံးသည်
တော်လှန်သတိအစဉ်ရှိစွာဖြင့် “ရခိုင်အမျိုးကိုချစ် ပါသည်” ဆိုပြီး အသံကောင်းဟစ်နေသူ
ကိုယ်ကျိုးရှသမားများအား စောင့်ကြည့်ကြရမည်ဖြစ် ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့
ANC သည်
သမိုင်ပေးတာဝန်အရ စစ်အာဏာရှင်စနစ် အပြီး
သတ်ချုပ်ြုငိမ်းရေးကိုယ့်အားကိုယ်ကိုးဖြင့် အချုပ်အချာအာဏာပိုင်သည့် ဖက်ဒရယ်သမ္မတ
နိုင်ငံ ထူထောင်ရေးစသည့် တမျိုးသားလုံး၏ ရည်မှန်းချက်ပေါက်မြောက်အောင် အောက်ပါ
မဟာဗျူဟာ၊ နည်းဗျူဟာများအတိုင်း ရခိုင်ပြည်သူများကို ရှေ့ဆောင်တိုက်
ပွဲဝင်သွားမည်ဖြစ် ကြောင်း အတိအလင်း ကြေညာအပ်ပေသည်။
ANC ၏
နိုင်ငံရေးမဟာဗျူဟာလေးရပ်
၁။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး။
၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး။
၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး။
၎။ အမျိုးသားစည်းလုံးညီညွတ်ရေး။
ပြည်သူ့အပေါ်သဘောထားလေးရပ်
၁။ ပြည်သူတွင်းအမျိုးသားနိုင်ငံရေး။
၂။ ပြည်သူကိုတတ်စွမ်းသမျှအလုပ်အကျွေးပြုရေး။
၃။လူမျိုးတမျိုး၏ ဓလေ့၊ ထုံးတမ်းစဉ်လာယဉ်ကျေးမှုနှင့် တရားသဖြင့်ရပိုင်ခွင့်များကို
လေးစားလိုက်နာ၍ လူမျိုးအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး။
၎။ ရခိုင်ပြည်မှခွဲထွက်ရေးမှုကို ဆန့်ကျင်၍ တစည်းတလုံးတည်းသော
ရခိုင်ပြည်တည်ဆောက်ရေး။
စည်းလုံးရေးကို ပြိုကွဲစေမည့်အန္တရာယ်လေးရပ်
၁။ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ။
၂။ အစွမ်းရောက်အမျိုးသားရေးဝါဒ (Ultra Nationalism)။
၃။ မိမိကိုယ်ကို ဗဟိုပြုဝါဒနှင့် ပထုတ်ပိတ်ဆို့ရေးဝါဒ။
၎။ ဂိုဏ်းဂဏဝါဒနှင့် တဦးချင်းတစုချင်းမူပိုင်ပြုဝါဒ။
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
***** ***** ***** ***** ***** ***** ***** ***** *****