ရခိုင်ရဟန်းတော်များအား ဦးညွတ်ဂုဏ်ပြုပါသည်


ရခိုင်အမျိုးသားတို့၏ လူနေမှုဘ၀သည် ဗုဒ္ဓဘာသာ၏ အဆုံးအမအောက်၌ ဖွံ့ဖြိုးတိုးတက်ကြီးပြင်း လာခဲ့သည်။ သို့အတွက် ဘုရားသားတော်များဖြစ်သော ရဟန်းတော်များ၏ အခန်းကဏ္ဍသည် ရခိုင်လူ့အဖွဲ့အစည်း နယ်ပယ်တွင် အရေးကြီးသော အနေအထားတွင် တည်ရှိသည်။ ရပ်တရပ်ရွာတရွာတွင် သြဇာအာဏာအရှိဆုံးနှင့် တရွာသားလုံး ကြည်ညိုဆုံးပုဂ္ဂိုလ်သည် ရှာရှိကျောင်းထိုင်ဆရာတော်ပင်ဖြစ်သည်။ အစဉ်အလာအားဖြင့်သော်၎င်း၊ ယဉ်ကျေးမှုအရသော်၎င်း၊ ဘာသာရေးထုံးတမ်းစဉ်လာအရသော်၎င်း၊ ရဟန်းတော်များမှာ ရခိုင်လူမှုနယ်ပယ် အသိုင်းအ၀ိုင်းတွင် ကြီးမားသောအခန်းဏ္ဍ၌ တည်ရှိနေသည်ကို မည်သူမှငြင်း၍ရမည်မဟုတ်။ သို့အတွက် ရခိုင်ရဟန်းတော်များ၏ သာသနာရေး ဘာသာရေးအလုပ်သည် သာသနာရေး နယ်မြေတခုတည်းတွင်သာ ရပ်တန့်မနေဘဲ တခြားလူမှုရေး နယ်ပယ်တွင်ပါ ချဲ့ထွင်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအလင်းရောင်ကို စတင်ဖွင့်ခဲသူမှာ ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ခေတ်ကာလတွင် ရခိုင်အမျိုးသားများကို ဦးဆောင်မှုပေးလျက် အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းဦးဆောင် ခဲ့ကြသူများအထဲတွင် ဆရာတော်ဦးစိန္တာ၊ဆရာတော် ဦးပညာသီဟတို့သည် ထင်ရှားသည့် ရဟန်း တ်ာများဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင်လည်း အမျိုးသားလွတ် မြာက်ရေး၊ တန်းတူရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသော အဖွဲ့အစည်းများကို ဦးဆောင်ရာတွင်လည်း ရဟန်းတော်အများအပြား ပါဝင်သည်။ လက်ကိုင်သော လုပ်သည် ရဟန်းတော်များနှင့် မသင့်တော်မဆီလျော်လှသဖြင့် လူဝတ်လှဲပြီး တော်လှန်ရေးကို ဦးဆောင်မှုပေးခဲ့သူ ရဟန်တော်များ အများအပြားရှိသည်။၎င်းအပြင် စာပေလက်နက်များဖြင့် အမျိုးဂုဏ်ရောင် တောက်ပြောင်အောင် စွမ်းဆောင်ခဲ့ကြသူများမှာလည်း ရဟန်းတော်များဖြစ်သည်။ ရခိုင်ရာဇ၀င်ကျမ်းများကို ရေးသားသူမှာလည်း ရခိုင်ရဟန်းတော်များဖြစ်ပြီး ထိုအထဲတွင် ရမ်းဗြဲတောင် ကျာင်းဆရာတော်နှင့် အထက်ကျောင်းဆရာတော် ဦညာဏတို့သည် ထင်ရှားခဲ့သော ရဟန်းတော်များဖြစ်သည်။ ယခုကာလ စာပေနယ်တွင် ထင်ရှားသော ရဟန်းတော်များမှာ အရှင်စက္ကိန္ဒ ၊ ရမ္မာဝတီ အရှင် ပညာစာရတို့ဖြစ်သည်။ မည်သို့ပင်ကြည်ကြည့် ရခိုင်လူမှုအဖွဲ့အစည်းတွင် ရဟန်းတော်များ၏ အခန်းကဏ္ဍသည် ထူးခြားကြီးမားသော အနေအထားတွင် တည်ရှိနေသည်။ ယခုပေါ်ပေါက်ခဲ့သော စစ်အစိုးရဆန့်ကျင်ရေး၊ ပြည်သူလူထု တရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲကို ဦးဆောင်ခဲ့ကြသူများမှာလည်း ရဟန်းတော်များပင်ဖြစ်သည်။ အဆိုပါ ရဟန်းတော်များထဲတွင် အသက်ဆုံးပါးသွားသူ၊ ထောက်ကျ ခံထားရသူ၊ နှိပ်စက်ညှင်းပမ်း ခံထားရသူ၊ လူဝတ်လဲခံထားရသူ ရခိုင်ရဟန်းတော်အများအပြား ရှိပါသည်။ ထိုအရှင်သူမြတ်တို့၏ တိုင်းပြည်လူမျိုးအကျိုးအတွက် စွန့်လွှတ်အနစ်နာခံမှုအပေါ် ဦးညွတ်ဂုဏ်ပြုသောအားဖြင့် ယခုလ ထုတ် ဤဂျာနယ်တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် သီတင်းသုံးနေကြသော မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိအင်တာဗျူးနှင့် ထောင်သောင်းရွာတွင် သီတင်းသုံးနေသော သရက်တပင်ဆရာတော် ဦးသုစိတ္တ တို့ ရေးသားသော ဆောင်းပါးများကို ထည့်သွင်းဖော်ပြ လိုက်ပါသည်။

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.