အာရကန်ပို(စ်) သတင်းဂျာနယ် ဒီဇင်္ဘာလထုတ်အား အချိန်ကာလကျော် နောက်ကျပြီးမှ စာဖတ်ပရိသတ်များလက်သို့ အရောက်ဖြန့်ဝေရပါကြောင်း အထူးတောင်းပန်အပ်ပါသည်။ မူလအစီအစဉ်အတိုင်း ၂၀၀၈-ခုနှစ် ဇန္န၀ါရီလ အစောပိုင်းတွင် ထုတ်ဝေရန်စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ဝေဖြန့်ချီ နိုင်ခြင်းမရှိပါ။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ယခုအခါကျွန်တော်တို့၏ ၂၀၀၇-ခုနှစ် နောက်ဆုံးလထုတ်ဖြစ်သော ဒီဇင်္ဘလာထုတ် ဂျာနယ် ကို စာဖတ်ပရိသတ်လက်သို့ လက်ဆင့်ကမ်း ထုတ်ဝေပေးနိုင်ခဲ့ပြီဖြစ်သဖြင့် ၀မ်းမြောက်မိပါ သည်။
ယခုလထုတ် ဂျာနယ်အားလည်း ကျနော်တို့အနေဖြင့် စာဖတ်ပရိသတ်များ ကြိုက်နှစ်သက် အောင် အထူးကြိုးပမ်းအားထုတ်ထားပါသည်။ အထူးသဖြင့် ယခုလစာမျက်နှာတွင် ရခိုင်ပြည် ကွန်မြူနစ်ပါတီဥက္ကဌဟောင်း ဦးမောင်ဟန်နှင့် တွေ့ဆုံမေးမြန်းခန်းကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး ထည့်သွင်းဖော်ပြထားပါသည်။
ဦးမောင်ဟန်သည် ယခုအခါ အသက်အရွယ်ကြီးရင့်နေပြီး လူမသိသူမသိဘ၀ဖြင့် ဘင်္ဂလာ ဒေ့ခ်ျ့မှ ကျေးရွာတရွာတွင် တကိုယ်တည်းနေထိုင်နေပါသည်။ သူသည်တချိန်က သေနတ်စွဲ ကိုင်ပြီး စစ်မြေပြင်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သော စစ်သား ကောင်းကြီး တဦးဖြစ်သလို ပါတီတခုအား ဦးဆောင်ဦးဆောင်ရွက်ပြုခဲ့သူ ခေါင်းဆောင်တဦး လည်း ဖြစ်ပါသည်။
ဆယ်စုနှစ်များစွာ မိသားစုနှင့်ခွဲခွာပြီး အမျိုးသားရေ၊ တန်းတူရေးနှင့် လွပ်လတ်ပိုင်ခွင့်များ အတွက် တိုက်ပွဲဝင်ခဲ့သူတဦးလည်း ဖြစ်ပါသည်။ ဇရာထောင်း၍ တော်လှန်ရေးမှ အနားယူပြီး နောက်ပိုင်းထိတိုင် မိသားစုများနှင့် တွေ့ဆုံခွင့်ကို ယနေ့ထိ ပြန်လည်၍ မရရှိသေးပါ။
လူသားတယောက်ဖို့ မည်သည့်အရာသည် လူလောက၌ အရေးကြီးဆုံး ဖြစ်ပါသလဲဟု မေးလျင်----------- မိမိတို့၏ သားသမီး ညီအစ်ကို မောင်နှမများအား မိမိဘ၀ကို မကျောခိုင်းမီ မြင်တွေ့လိုလှသော အာသီသပင်ဖြစ်သည်ဟု ဆိုလျင်မှားမည် မထင်ပါ။
ယခုဦးမောင်ဟန်ကဲ့သို့ တိုင်းပြည်အတွက် လူမျိုးအတွက် ပေးဆပ်ရင်း မိသားစုများနှင့် တကြိမ်တခါမှ တွေ့ဆုံခွင့်မရဘဲ ဘ၀ကို စွန့်လွှတ်ပေးဆပ်သွားခဲ့သူ ရခိုင်အမျိုးသား အမြောက်အများရှိခဲ့ပါသည်။ ယခုလက်ရှိတွင်လည်း ထိုကဲ့သို့ အဖြစ်မျိုးကို ကြုံတွေ့နေရသူ လူကြီးလူငယ် အများအပြားမှာ တော်လှန်ရေးနယ်မြေထဲတွင် ကျန်ရှိနေပါသေးသည်။
ဆိုးဝါးလှသော စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်တွန်းလှန်ပြီး တန်းတူရေး၊ ညီမျှရေး လွတ်လပ် ခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော ရခိုင်အမျိုးသား လူငယ်လူရွယ် အမြောက်အများ မှာ တောထဲတောင်ထဲ၊ နေရာဒေသအများအပြားတွင် မိတကွဲဘတကွဲ ဘ၀အခြေအနေများ ဖြင့် ရှိကြတုန်းပင်ဖြစ်ပါသည်။
ကျနော်တို့သည် ထိုသို့သော တိုင်းပြည်နှင့်လူမျိုးအတွက် ရတောင့်ရခဲသော ဘ၀ကို ပေးဆပ် ရင်း မိတကွဲ ဖတကွဲ သားတကွဲ ဖြစ်ခဲ့ကြရသော ရခိုင်အမျိုးသားများအားလုံးကို ဂုဏ်ပြုပါ သည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ဦးညွတ်ဂုဏ်ပြုလိုက်ရင်း ဤတလ၏ အယ်ဒီတာ စကားပင် ဖြစ်ပါသည်။