ကာရကဋ်ရာသီ (CANCER)
ဇွန်လ (၂၂)ရက်နေ့မှ ဇူုလိုင်လ(၂၂)ရက်နေ့အတွင်း မြန်မာနိုင်ငံ၏ ကံကြမ္မာဟောစာတန်း

ကရကဋ်ရာသီသည် ပုဇွန်လုံးပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် ( )ဟု ဖော်ပြကြသည်။ ၎င်းရာသီသည် ပုဇွန်လုံးသဏ္ဍာန်ရှိသည့်အတိုင်း မိန်ရာသီ၊ ရေရာသီ၊ စရရာသီ၊ ဆိတ်ငြိမ် ရာသီ၊ တိရိစ္ဆာန်ရာသီ၊ သောမဂြိင်္ုလ်သည် ၀ဿန္တဥတု ဒက္ခိဏယဉ်စွန်းတန်းသို့ ကျရောက် သဖြင့် ယခုနှစ်ကျရောက်သော ဇာတာခွင်နှင့် ပြောင်းလွဲနေသော အတိတ်နိမိတ်တို့ကို ခြုံငြုံ၍ မြန်မာနိုင်ငံ၏ ကံကြမ္မာကို ဝေဒကျမ်းအရ ဟောကိန်းထုတ်ရသော်-----------------------။

နအဖ စစ်အစိုးရသည် အလိမ်အညာများနှင့် အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲကို ၉၅% နှုန်း အထိ အနိုင်ရအောင် မဲခိုးလုပ်ဆောင်ပြီးနောက်----------------
(၁) NLD ကိုတရားမ၀င်အောင် ဖျက်သိမ်းရန် လုပ်ဆောင်မည်။
(၂)
CRPP-UNA ကိုပါ တရားမ၀င်ကြောင်း ဖျက်သိမ်းဖို့ လုပ်ဆောင်မည်။
(၃) ၉၀-ရွေးကောက်ပွဲအနိုင်ရ ပါတီများနှင့် ပြည်တွင်းရှိသံဃာ့တပ်ပေါင်းစုအဖွဲ့၊ ဗကသ၊ ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့၊ လူထုပူးပေါင်းဆောင်ရွက်ရေးကော်မတီ စသော နအဖကို ဆန့်ကျင်သော ပါတီအဖွဲ့အစည်းများကို ဖျက်သိမ်းရန်လုပ်ဆောင်မည်။ အဆိုပါ အဖွဲ့အစည်း များမှ ခေါင်းဆောင်များအဖွဲ့ဝင်များကိုလည်းကောင်း ရှာဖွေလိုက်ဖမ်းနေမည်ဖြစ်ပြီး ပြည်ပ မီဒီယာများမှ အသံတိတ်အောင် ခေါင်းဆောင်များကိုလည်းကောင်း မီဒီယာနှင့် ဆက်သွယ် စကားပြောသူတွေကို ခြိမ်းခြောက်ဖမ်းဆီး လုပ်ဆောင်နေမည်။ အရေးအကြီးဆုံး အချက်မှာ ၂၀၁၀-ခု ရွေးကောက်ပွဲအတွက်၎င်း၊ နအဖအဖွဲ့အစည်း ခိုင်မာဖို့ အတွက်၎င်း၊ စစ်တပ် အတွင်း ရာထူးနေရာအပြောင်းအလွဲရှိမည်။ မကျေနပ်မှု သဘောထားကွဲမှုအချို့ရှိမည် ဆန့်ကျင်သော ရဟန်းရှင်လူပုဂ္ဂိုလ်များကို ဆက်လက် ခြိမ်းခြောက်နှောင့်ချက် ဖမ်းဆီးနေ လိမ့်မည်။ အထူးသဖြင့်
NLDနှင့် ဒေါ်စုသည် နအဖ စစ်အစိုးရ အာဏာပါဝါရှိနေသရွေ့ အင်အားကောင်းလာဖို့ လူထုထောက်ခံမှုကို ရရှိဖို့မမြင်၊NLD၏ အက္ခရာ သင်္ကေတသုံးလုံးကို ပေါင်းလိုက်သော် (၃)ရ၏၊ ဒေါ်စုသည်လည်း အင်္ဂါသမီး ဖြစ်သောကြောင့်ယခုနှစ် ဇာတာခွင် အရ ၀ါယောဓါတ်နှင့် ဥပါဒ်အိမ်သို့ကျရောက်သဖြင့် ဘေးဥပါဒ်သင့်မည်၊ အကွဲအပြဲရှိမည်။ အကြောင်းမူကား စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် ပြည်သူများ ထောက်ခံမှုနည်းကာ မုန်းတီး အပြစ်ပြောလာကြမည်ဖြစ်ပေသည်။

နအဖ စစ်အစိုးရ၏ ယုတ်မာမှုကြောင့် လေမုန်တိုင်းဒုက္ခသည်များနှင့် ပြည်သူပြည်သား ရဟန်း ရှင်လူများသည် ဆင်းရဲဒုက္ခရောက်လျှက် စစ်အစိုးရကို မကြေနပ်မှု များပြားလာသော်လည်း၊ ခေါင်းဆောင်အများအပြားကို လိုက်လံဖမ်းဆီးထားသဖြင့်၊ မျက်မှောင်၌ အုံကြွဆန္ဒပြဖို့ မလွယ်ကူ။

NLD ကလည်း ဦးဆောင်မည်မမြင် ပြောနေကျ သွေးမြေမကျဘဲ ဥပဒေလမ်းအတိုင်းဟု ထပ်၍ ပြောနေမည်။ စိတ်ပျက်စရာကောင်းအောင် ဘာမှမလုပ်ဘဲ ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုနေမည်။ သံဃာ့တပ်ပေါင်းစုလည်း ယိမ်းယိုင်နေမည် ဦးဆောင်မည့် သံဃာတွေလည်း မရှိသလောက်၊ ကျောင်းတွေမှာလည်း သံဃာတွေကို များများမထားဝံကြ၍ တဖန်ပြန်ထဖို့မလွယ်သည့်သဘော အားလုံးအဖိနှိပ်ခံ သူ့ကျွန်ခံနေရ သည့် အခြေအနေရှိနေမည်။ မင်းဖီးမင်းဒါဏ်ကို ဆက်လက် ခံနေရမည်မှာ သေချာလှပေသည်။

နိုင်ငံတကာက မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခိုက်ဖို့ ယခုမမြင်ရသေးပါ သို့သော် အစစ အရာရာ အပြောအဆိုအလုပ်အကိုင်တွေဟာ လေးနက်ပြင်းထန် လာမည်ဖြစ်သော်လည်း နအဖက အလေးဂရုမထားသည့် သဘောရှိမည်။ လုပ်နေကျအတိုင်း (၂၀၁၀) တွင် ရွေး ကောက်ပွဲကိစ္စ လမ်းညွှန်မြေပုံ (၇) ချက်အတိုင်း လုပ်ဆောင်နေမည်။ ဂန်ဘာရီကိုယ်စား လှယ်ကြီ်းမကလို့ သိကြားမင်းလာရောက်ပြီး စစ်အစိုးရကို ဒေါ်စုကြည်ပြန်လွတ်ရေး တွေ့ဆုံဆွေးနွေးရေးအတွက် တောင်းခံပါသော်လည်း ရမည်မဟုတ်။ လမ်းညွှန်မြေပုံ (၇)ချက်အတိုင်း သွားနေမည်ဖြစ်ပေသည်။ ပြည်တွင်၊ ပြည်ပရောက် NLDနှင့် NCGUBတို့နှင့် ပြည်ပရောက်မြန်မာတွေ ကမ္ဘာသူ ကမ္ဘာသားများမှာ စစ်အစိုးရအပြုတ် တိုက်ရေးကို ဆက်လက်လုပ်ကိုင် လာကြလိမ္မည်။ ထို့ကြောင်း နအဖစစ်အစိုးရ အာဏာရရှိ နေသမျှ NLD-နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖျက်စီးဖြိုခွဲလာလိမ့်မည်။

ဒေါ်စုလွတ်မြောက်ရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆိုနေမည့်အချိန်မဟုတ် စစ်အစိုး ရ၏ လမ်းညွန်ချက်ကို လက်ခံလျှင်လက်ခံ လက်မခံလျှင် လူထောင်နှင့်ချီ၍ အသေခံ ထောင်ကျခံ၍ တိုက်ရမည်။ နိုင်ငံတကာ ဘာမှမလုပ်နိုင်ပေ။

ကာရကာဋ်ရာသီ ဇွန်လ(၂၂)ရက်မှ ဇူလိုင်လ(၂၂)ရက်အတွင်း မွေးဖွားသူများကို ဟောပြော ခြင်း

ဤရာသီသည် လယ်ပုဇွန်လုံးဖြစ်သောကြောင့် တွင်း၊အင်းအိုင်၊ ချိုင့်ဝှမ်းနှင့်ရေရှိသော ချောင်း မြောင်း ၊မြစ်ဆိပ်စသော အေးချမ်းစွပ်စိုရာ နေရာတို့ကို နှစ်သက်တတ်သည်။

ကိုယ်အင်္ဂါ အစိတ်အပိုင်းအားဖြင့် အသဲနှလုံး ၊ရင်ဘတ် ၊ အစာအိမ်စသည်တို့ကို ကြီးစိုးပြီး အရပ်ဒေသအားဖြင့် မြောက်အရပ်ကို ကြီးစိုးကာ အရောင်အားဖြင့် အဖြူရောင်ကို ကြီးစိုးတတ် ပေသည်။ ထိုကြောင့် ဤရာသီလဂ်တွင် မွေးဖွားသူများသည် စိတ်နှလုံးတည်ငြိမ်သူများ စိတ် ကောင်းနှလုံးကောင်းရှိသူများ တောအရပ်ကို၎င်း၊ ရေအရပ်ကို၎င်း သွားလာသူများ လူချစ် လူခင်များခြင်း ခံရသူများ သင်္ဘောသား ရေလုပ်သား စိုက်ပျိုးရေးအလုပ် ပျော်ပွဲစားအလုပ် တံငါသည် ပုလဲငါးလုပ်ငန်း စက်ရုံအလုပ်သမား ခရီးသည်ကုန်သည်များဖြင့် လုပ်ကိုင်၍ ကောင်းစားလိမ္မည် အထက်တန်းအရာရှိ အရာခံများ ဂုဏ်သရေရှိသူများ လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်များဖြစ်မည် ထိုကြောင့် ----------------

(၁) တနင်္ဂနွေနေ့ သားသမီးများသည် စိတ်မြန်ကိုယ်မြန် လုပ်ကိုင်တတ်သဖြင့် အမှားအယွင်း ရှိကာ စိတ်ဆင်းရဲကိုယ်ဆင်းရဲများနှင့် မကြာခဏကြုံတွေ့ရတတ်သည်။

(၂) တနင်္လာနေ့မွေးဖွားသော သားသမီးများသည် ၀ဖြိုးသော ကိုယ်ခန္ဓာရှိပြီး အေးချမ်းစွာ နေထိုင်တတ်သည် စိတ်အပြောင်းအလွဲမြန်မည် ဖြစ်သည်။ လူချစ်လူခင်ပေါများမည် ဖြစ်သည်။

(၃) အင်္ဂါနေ့ မွေးဖွားသော သားသမီးများသည် အများအားဖြင့် သင်္ဘောစသည်တို့ဖြင့် ကူးသန်းရောင်းဝယ် ခရီးသွားလာတတ်သည်။ လုပ်ကိုင်စားသောက်၍ တိုးတက်ချမ်းသာမည်။ ကျန်းမာရေးညံ့မည်။ အလုပ်အကိုင်စီးပွားရေးကောင်းမည်။

(၄)ဗုဒ္ဓဟူးနေ့ မွေးဖွားသော သားသမီးများသည် အလုပ်အကိုင်ကောင်း၍ စီးပွားရေး တိုးတက်မည်။ ဆွေမျိုးမိသားစုနှင့် ခိုက်ရန်စကားများမှု အနည်းငယ်ရှိမည်။ ငွေရရှိရေးအတွက် ဘာမဆို လုပ်ကိုင်မည့်လူမျိုးဟု ထင်မှတ်တတ်သည် အကြံများမည်။

(၅)ကြာသားပတေးနေ့ မွေးဖွားသောသားသမီးများသည် ကိုယ်ခန္ဓာတောင့်တင်း ခန်းညားမည် ချမ်းသာကြွယ်ဝမည် ကြီးကျယ်မြင့်မြတ်မည် ပညာတတ်၍ လူရိုသေရှင်ရိုသေရှိမည်။

(၆) သောကြာနေ့ မွေးဖွားသော သားသမီးများသည် စကားအပြောအဟော ဆက်ဆံရေး လူမှုရေးကောင်းသဖြင့် တိုးတက်ကြီးပွားမည်။ ထင်ရှားမည်။ ထူးချွန်မည်ဖြစ်ည်။

(၇) စနေနေ့ မွေးဖွားသောသားသမီးများသည် တချို့သော ပုဂ္ဂိုလ်များသည် မကောင်းသော ဒုစရိုက်တရားကို လိုက်စားပျော်ပါး၍ အပျက်အစီးအဆိုးအသွမ်း တချို့သော လူပုဂ္ဂိုလ် များမှာ အစွမ်းအစနှင့် ရဲရင့်ပြတ်သား၍ ထူးချွန်ကျော်ကြားမည်။

ဤသည်ကား ၇-၇က်သားသမီးများ၏ ကံဇာတာအကျဉ်းချုပ် အဟောတည်း။ အထူးသဖြင့် ဤရာသီတွင် မွေးဖွားသော သားသမီးများသည် အသက် (၁၀၊၂၀၊၃၀၊၄၀၊ ၅၀၊၆၀၊၇၀၊ ၈၀၊၉၀၊)နှစ်တို့တွင် အပြောင်းအလွဲ ရှိတတ်ပြီး၊ အများအားဖြင့် အစာမကြေရောဂါ၊ ကင်ဆာ၊ ၀မ်းရောင်၊ အဖျည်းကြီး၊ နှာစေးခြောင်းဆိုး၊ အအေးမိ၊ ၀မ်းဗိုက်နာ၊ရောဂါများကို ကျန်းမာရေး ညံ့ချိန်၌ ခံစားရရှိလေ့ရှိတတ်ပေသည်။

အသျှင် ဣန္ဒာစက္က
ဝေဒနှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသားဗုဒ္ဓဘာသာကျောင်းတိုက် သံသီးရွာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
Mobile- 8801558413145

 

Flash
 
Web video
Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2005-2008 Narinjara. All rights reserved.