“ပျားနဲ့ကျား”
ဘုန်းစည်သူ
၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း တစ်ကြောင်းဟာ မြိတ်မြို့နယ် ရှေ့တန်းကို စည်းရုံးရေး ခရီး ထွက်လာကြပါတယ်။ စစ်ကြောင်းမှာ ဗမာကျောင်းသား ရဲဘော်တွေ သာမက ၉၀၉ တပ်ရင်းက ရခိုင် ရဲဘော်တွေနဲ့ ၂၀၃ တပ်ရင်းက ထားဝယ် ရဲဘော်တွေလည်း ပါလာကြပါတယ်။ အင်အား ၂၅၀ လောက်ပါတော့ စစ်ကြောင်းက တော်တော်ရှည် ပါတယ်။ စစ်ကြောင်းရဲ့ ရှေ့တန် ပွိုင့်အဖွဲ့ကိုတော့ ရခိုင်ရဲဘော်တွေက တာဝန်ယူပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တောင်တွေကို ကျော်၊ တောတွေကိုဖြတ်နဲ့ ကျောင်းသား တပ်မတော်ကြီးက မမောနိုင်မပန်းနိုင် ချီတက် လာခဲ့ကြပါသတဲ့။ အဲသလို ချီတက် လာရင်းနဲ့ ငှက်ပျောတောအုပ် တစ်နေရာကို ရောက်တော့ ငှက်ပျော့ပင်ပေါ်မှာ တွယ်နေတဲ့ ပျားအုပ်တစ်အုပ်နဲ့ ရခိုင်ရဲဘော်တွေနဲ့ သွားတိုးပါသတဲ့။ ပျားတွေက ရခိုင် ရဲဘော်တွေကို ၀ိုင်းတုတ် ဆော်ထည့် လိုက်ကြတော့ ရခိုင်ရဲဘော်တွေက “ပျား” “ပျား”လို့အော်ပြီး ထွက်ပြေးကြပါသတဲ့။ ရခိုင်လို အသံဝဲနေတော့ “ပျား” “ပျား”လို့အော်တာကို နောက်ကလိုက်လာတဲ့ ကျောင်းသား တပ်ဖွဲ့ဝင်တွေက “ကျား” “ကျား”လို့ ကြားပါသတဲ့။ အဲသလို ကြားတော့
“ဘယ်မှာလဲကျား” “ဘယ်မှာလဲကျား”
“ ကျားဆိုရင် ပစ်” “ ကျားဆိုရင် ပစ်” ဆိုပြီး ဆိုပြီး ကျောင်းသားရဲဘော်တွေ သေနတ်တွေကို မောင်းတင်ပြီး ကျားပစ်ဖို့ ပြေးလာလိုက်ကြတာ-- အနားရောက်တော့ ပျားအုပ်ကြီးက မောင်ကျောင်းသားတွေကို တခါတည်း ၀ိုင်းတွယ်ထည့်လိုက်တော့ မောင်ကျောင်းသားတွေခမျာ လဲသူလဲ ပြေးသူပြေးနဲ့ ဆူညံသွားပါသတဲ့။ ပျားတွေ တုတ်ထည့်လိုက်တာ မောင်ကျောင်းသားတွေ ခမျာ ပျားအဆိပ်တက်ပြီး အဖျားပါ ရသွားပါသတဲ့။ စစ်ကြောင်းကလည်း ရှေ့ခရီးမဆက်နိုင်ဘဲ အနီးအနားမှာ စခန်းချ ရပ်နားလိုက်ရတယ်လို့ ဆိုပါတယ်။
ပျားအတုတ်ခံလိုက်ရတဲ့ မောင်ကျောင်းသားတွေကတော့ ရခိုင်ရဲဘော်တွေ အပေါ် အတော့်ကို မကျေမချမ်း ဖြစ်ကာ “ ရခိတွေ -- ရခိတွေ” ဆိုပီး ရန်ရှာဖို့ တကဲကဲ ဖြစ်နေပါသတဲ့။ ပါလာတဲ့ စစ်ကြောင်းမှူးကတော့ ရခိုင်ရဲဘော်တွေ ရှေ့ပွိုင့်သွားတာကို နောက်နေ့က စပီး ရုတ်သိမ်း လိုက်ပါသတဲ့။
ရခိုင်ရဲဘော်တွေနဲ့ ခရီးသွားရင် “ပျား” နဲ့“ကျား” နားကြား မမှားကြစေနဲ့နော်။
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...
အင်တာဗျူး
ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးကို လက်ရှိ ပါတီ၏ ရပ်တည်ချက် အခြေအနေများနှင့် အနာဂတ်...



