ရခိုင်ဟူသည်၊ မျိုးသီလကို
စောင့်လှပိုင်ပိုင်၊ ထိန်းသိမ်းနိုင်ဖို့
မွှီးကြိုင်သတင်း၊ ကမ္ဘာခွင်မှာ
ဂုဏ်ရောင်လင်းခ ကျော်ဇောခယင့် ။
ဒေနိရခိုင် မခိုင်ကျင့်ပျက်
အမျိုးဖျက်ကာ သွီးရောလာကေ
ရခိုင်သားလေ ရင်လီးရေ ။
ဒေနိရခိုင် နိုင်ရာဖိနင်း
အချင်းချင်းပင် ကြင်နာကင်းပြတ်
ညီညွတ်မှုပီး အမြင်ဆွီးကေ
ရခိုင်သားလေ ရင်လီးရေ။
ဒေနိရခိုင် ကိုယ်ပိုင်စီးပွား
ဝမ်းခါးလုံမျှ ကြွယ်ဝလှကေ
မာနတံခွန် မိုးယံကိုထိ
မျိုးလည်းမသိ ဆွီမသိယာ
ဇာသူပင်သီ ငါမထီဗျာ
တစ်ထပ်စာကိုပင် တစ်သက်ထင်ကေ
ရခိုင်သားလေ ရင်လီးရေ။
ဒေနိရခိုင် ယိမ်းယိုင်စီးပွား
ကျင့်ဖောက်ပြားကာ ဇာတီပုထိုး
အမျိုးမျိုးကို ရိုက်ချိုးမြီလှန်
မကျန်ပါကေ ရခိုင်သားလေ
ရင်လီးရေ ။
ဒေနိရခိုင် မျိုးစိုင်သွီးအု
နုနုနယ်နယ် လူငယ်အများ
တတ်ထားပညာ ဟိကတ်ပါလည်း
လိမ္မာနှံ့စပ် ကိုယ့်သမိုင်းကို
မသိကတ်ပြန် မျိုးမာန်ကင်းဝီး
မဆိုင်ရာမှာ အပြိုင်လုပ်ကေ
ယစ်ထုပ်ကြီးတိ ဒေနိချိန်ခါ
ဖြစ်များလာကေ ရခိုင်သားလေ
ရင်လီးရေ။
ရခိုင်ရိုးမမဂ္ဂဇင်း (၁) ဓညဦး
*****