ငါ့ရို့သခင် နန်းပလ္လင်နဲ့
ရွှေရောင်ပြဿာဒ် ဇရပ်တန်းဆောင်
မိုးမှောင်ပျောက်ဆုံး လောင်မီးပြာကျ
ဒီဇင်္ဘာလ ဆောင်းတည။ ။
ရွှေရောင်ကို သွီးရောင်နန့်အစားထိုး
ဗဟိုစည်လည်းပေါက်
ထီးနန်းလည်း ပျောက်ခရရေ။ ။
ရိုးမသဇင် တော်ဝင်ပန်းလှ
ရခိုင်မရို့ ကာမဘီလူး
ဖက်စစ်ရူးကြောင့်
ရနံ့လည်းပြေ ညှာခိုင်လည်းကျိုး
မျိုးခြားခြီအောက် ရောက်ခရရေ။
ရွှေပြည်သာစွ ပြည်ဓညမှာ
ငိုသံညဉ်းသံ တက်ခေါက်သံနန့်
ရခိုင်ဟူသမျှ သွီးမြီကျဗျာလ်
လေးမြို့နန့်ဂစ္ဆပ ဘင်္ဂလားပင်လယ်ပြင်မှာ
မျက်ရည်နန့်သွီးစက် လက်ဆွဲနှုတ်ဆက်
မိတ်ဖက်ခကတ်တေ။
သုံးလူ့အရှင် ကိုယ်ပွားထုဆစ်
ညီတော်စစ်ကို ပိုင်ရှင်ငါရို့
သဘောမတူ ခွင့်မမူဘဲ
မိစ္ဆာအများ ကြိုးတပ်ဆွဲငင်
ပလ္လင်ဖြိုဖျက် ခိုးယူလားပြီး
သံဇကာနန့် အကျဉ်းချ
မန္တလေးက မဟာမုနိအဖြစ်နန့်
သမိုင်းတခေတ်ကို ဖုံးထားခဗျာလ်။
မင်းကွန်း ခေါင်းလောင်းထိုးသံ
ဒူညံညံကြားတိုင်း
ခေါင်းပုံတောင်က ငိုကြွေးသံထင်မှား
မိတ္တိလာကန်ရိုး ရခိုင်အရိုးနန့်ဆည်ခတ်
ရခိုင်ဖြစ်က မြေစာဖြစ်ခရရေ။
ငါရို့မြီကို ငါရို့ချစ်
ကျွန်စနစ်ကို ဇာတ်သိမ်း
တောင်မင်းကြီးနန့် ဗိုလ်ချင်းပျံ
သူုရို့ဝိညာဏ် ရှင်သန်နိုးထ
ရှေ့ဆောင်ပြက
ငါရို့ပြည်ကြီး လွတ်လပ်မည်။