လွတ်လပ်ရေးဆိုပြီးကေ
သီချင်သီ ကြီချင်ကြီ
အရိုးရာတွန်လီဖျီ ဆိုပြီးကေ
သူတိုက်လီရေ။
လွတ်မြောက်ရေး ဆိုပြီးကေ
သီချင်သီ ကြီချင်ကြီ
အရိုးရာတွန်လီဖျီ ဆိုပြီးကေ
သူတိုက်လီရေ။
ငြိမ်းချမ်းရေးဆိုပြီးကေ
သီချင်သီ ကြီချင်ကြီ
အရိုးရာတွန်လီဖျီ ဆိုပြီးကေ
သူတိုက်လီရေ။
ယင်းသို့ တိုက်သူ အိုပြည်သူ
အသင်သည်ပင်လျှင် ငါ့အသျှင်။
အသင်သည်ပင်လျှင် ငါ့သခင်။
အသျှင်၏ တွန်သောအရိုးကို
ငါ၏ရင်မှာ ပိုးပြီးကေ
အသျှင်အကျိုးကိုထမ်း
အသျှင်လျှောက်သော လမ်းကို
ငါလျှောက်ခရေ။
လျှောက်တေလမ်းကြောင်း
ခရောင်းတော ပါဂါအိုအသျှင်
ဖောက်တေလမ်းကြောင်း
သွီးချောင်းကြောပါဂါ အိုသခင်။
ပြည်သူတကာ စားစရာမရှိ
ဝတ်စရာမရှိ နိန်စရာမရှိ
အိမ်ရာမရှိ လယ်မရှိ
အတိဒုက္ခမျက်ရည် တစက်စက်နဲ့ပါဂါ။
သခင်၏ တွန်သောအရိုးကို
ငါ၏ရင်မှာ ပိုးပြီးကေ
သခင့်အကျိုးကိုထမ်း
သခင်လျှောက်သော လမ်းအတိုင်း
စိတ်ပိုင်းပိုင်းချ အားမာန်ထလို့
ငါပင်လျှင်လည်း သီချင်သီကြီချင်ကြီ
အရိုးရာတွန်လီဖျီ ဆိုပြီးကေ
ငါတိုက်လီရေ။
သို့သော် သို့လည်း သို့သော်
ငါသည်သော်ကား အားလည်းမသန်
ကံလည်းမရှိ နတ္ထိပါရမီ ဘုန်းမမှီ၍
သီလည်းမသီ ကြီလည်းမကြီ
ငါရှုံလီရေ
မဟီတုန်၍ ညှိုးလီရေ။
ရှုံးသူနှလုံး လမ်းမဆုံးခင်
ဘုန်းသမ္မာသျှင် ငါ့သခင်သည်သာလျှင်
လွတ်ရာလွတ်ကြောင်း ငြိမ်းချမ်းကြောင်းကို
အောင်မောင်းအောင်သံ အရိုးတွန်၍
အကျွန်ငါ့အား ပြပါလော့
တဖန်စွမ်းအား ပြပါလော့
ငါလျှင်ကား
အားမာန်မချော့ နိုင်ကြွကြွတည်း။