သူရဲကောင်းဝိဥာဏ်


အိုအရှင်-------
အရှင်၏ နီရဲသော သွီးစက်များ
ပျော့ညံ့နုံချာသော
အကျွန့်ခန္ဓာကိုအနှံ့ အပြား
ဖြန်းပက်ပီးပါ။

အိုအရှင်-----
အရှင်၏ရဲရင့်တည်ကြည်သော သတ္တိများ
ကြောက်ရွံ့တုန်လှုပ်တတ်သော
အကျွန့်နှလုံးသားထဲအတွင်း
သွပ်သွင်းပီးပါ။

အိုအရှင်-------
အရှင်၏ သူ့ကျွန်မခံလိုသော စိတ်ဓါတ်
ဒူးထောက်ခံစားတတ်သော
အကျွန့်စိတ် ၀ိဥာဏ်ထံ
ပူးကပ်စီးဝင်ပီးပါ။

အိုအရှင်--------
အရှင်၏ မတုန်မလှုပ်သော ခံနှိုင်ရည်သတ္တိ
ပင်ပန်းဆင်းရဲမှုကို
အလိုမရှိသော
အကျွန့်နှလုံးသားအတွင်း
ဖြည့်တင်းပီးပါ။

အို အရှင်--------
ဖောင်ပျက်ဝါးပမာ
ဖရိုဖရဲ ပြန့်ကြဲပမာ
မျောပါနေကြသော
ရခိုင်တမျိုးသားလုံး
စုစည်းရေး
ညီညွတ်ရေး
အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက်
အရှင့်ဝိဥာဏ်
အကျွန့်ထံ ပူးကပ်စီးဝင်ဗျာလ်
ရတောင့်ရခဲသော လူ့ဘ၀ကို
ပီးဆပ်လှုဒါန်းလိုပါသည်အရှင်။

ညိုထွန်းကျော် (၀န်လက်စခန်း)
A-A-S-Y-C ဥတ္တမနေ့စာစောင်မှ ကောက်နှုတ်ဖော်ပြသည်။

*****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.