နယ်ချဲ့ လက်အောက်
ကျွန်သဘောက်ဘ၀ လွတ်လမ်းရအောင်
ဦးဆောင်ညွန်ကြား နှုတ်စကားဖြင့်
ပြတ်သားပီပြင် တိုက်ပွဲဝင်သည်
အရှင်မြတ်စွ ဦးဥတ္တမ။
အရှင့်တရား အရှင့်စကားလျှင်
မျိုးခြားအောက်ကျ ဘ၀နစ်မွန်း
ညှိုးနွမ်းပြည်သူ အားသစ်ထူရေး
ထောက်ကူလွတ်လမ်း ပြစွမ်းနိုင်သည်
ငြိမ်းချမ်းအေးမြ လအသင်္ချေ။
အရှင့်တရား အရှင့်စကားလျှင်
ဆိုးရွားကောက်ကျစ် စနစ်ဖောက်ပြန်
ရန်သူလူဆိုး နယ်ချဲ့မျိုးကို
နွမ်းညှိုးအားပျက် စိတ်ယောက်ယက်ဆူ
ပူလောင်ကျွမ်းစေ နေအနန္တ။
အရှင်သေလည်း
မသေနိုင်ပါ အရှင့်မောတ္တာနှင့်
သစ္စာတရား ရှင့်စကားတို့
အားသစ်ဝေဆဲ ပြည်သူထဲမှာ
တိုက်ပွဲဝင်ဆဲ ရန်သူထဲမှာ။
စစ်တွေ ညိုသန့်
ရခိုင်မဂ္ဂဇင်း အမှတ်(၆) မှကူးယူဖော်ပြသည်။