အော် - - - - ဥသြပျို
တေးချိုချိုနာင့်
နွီကိုကြိုနိန်စွာလား။
ထော - - - - -
ထိုမာ - - - ဒေမာ
အရိုးထက်အရီတက်ဗျာ
အာခြောက်ခြောက်သစ်ပင်တီ၊
စပါးမြင်ယက် ၀မ်းညင်နိန်ရရေ
ကောက်နှံကောက်မ တစ်ရွီပိုင်
ကြောရီဖွတ်ကျား စပါးရိတ်သားတစ်စုပိုင်
အူထဲက တဂြုဂြု တရုရုမြည်ပနာ
အာပေါက်ကစီးဆင်းဖို့ သွင်းကုန်အ၀င်မျှော်နိန်ယှောင်
လီအီး၊ ရီအီးကို တမ်းတ
ရင်တမမနှော့် မျှော်နိန်ရစွာ။
ချွေး ဘယ်စီး၊ ညာစီးကျနိန်ရ
တောကြီးတောင်ကြီးတိ
ထော - - - - မခံချိ
ဟိသမျှအားနောင့် ရွန့်
လိမ်လိမ်တွန့်တွန့် ပျင်နိန်ကတ်စွာ။
အေနွီစွာလေ
ကြိုင်နိန်ရေ မေတ္တာ စမ်းချောင်းထဲ
ရီတ၀ သဲပနာ
စေတနာကို နီပူလှန်း
သစ္စာ ခြောက်ခြောက်ခမ်းအောင် လုပ်ပစ်သိရေ။
သြော် - - - ဥသြပျို
တတာ မဆိုဝံ့သိလား။
ရခိုင်ရိုးမမဂ္ဂဇင်း(၃)
မောင်ခိုင်မျိုး ၊ ရမ်းဗြဲသား
*****