သို့
အယ်ဒီတာချုပ်
“မောင်တော ၃ မိုင် WFP ရုံး၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာက သိအောင် ဖော်ထုတ်ပေးပါရန်”
မြန်မာနိုင်ငံတွင် စစ်အစိုးရတက်လာချိန်မှ စ၍ မောင်တော၊ ဘူးသီးတောင်ရှိ မူဆလင် လူမျိုးများကို နိုင်ငံဝန်းထမ်းမှ တားမြစ်ထားပါသည်။ လွန်ခဲ့သော ၁၉၉၇ ခုနှစ်မှ စ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မူဆလင်လူမျိုးများကို အကူအညီပေးရန် ဟူသော အကြောင်းပြချက်နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ခေါ် WFP သည် မောင်တောမြို့တွင် ရုံးဖွင့်ပြီး လုပ်ငန်းများ လုပ်လာကြရာ နှစ်စဉ် မောင်တော၊ ဘူးသီးတောင်ရှိ ကျေးရွာများမှ ဆင်းရဲသားများကို စာရင်းကောက်ခံပြီး ထောက်ပံ့မှု ရချိန်တွင် ဆင်းရဲသားအိမ်ထောင်စု တစ်ရာလျင် အိမ်ထောင်စု တစ်စုကသာရလေ့ ရှိပါသည်။ အဆိုပါ ထောက်ပံ့မှုများမှာ လူတစ်ဦးအတွက် တစ်လလျင် ဆန် ၁၀ ကီလိုသာဖြစ်ပြီး တစ်နှစ်အတွင်း သြဂုတ်လနှင့် စက်တင်ဘာလ ၂ လသာ ပေးခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံအစိုးရက မူဆလင်လူမျိုးများကို ဝန်ထမ်းအဖြစ်မှ တားမြစ်ထားခြင်းကို အခွင့်ကောင်းယူပြီး WFP သည် မောင်တော၊ ဘူးသီးတောင်ရှိ မူဆလင်လူငယ် ပညာတတ်များကို အစိုးရ မူလတန်းကျေုာင်း အသီးသီးတွင် ကျောင်းဆရာများခန့်ပေးရာ ကုလသမဂ္ဂ၏ စည်းမျဉ်းအရ လူတစ်ဦး၏ တစ်ရက်ဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ ဒေါ်လာနှင့် ညီမျှရမည် ဖြစ်သော်လည်း WFP က WFP ခန့် ကျောင်းဆရာတဦးကို တလလျင် လစာအဖြစ်ဆန် ၇၅ kg ကိုသာ ပေးရာ ၎င်းဆန်များကို ရောင်းလျင် မြန်မာကျပ်ငွေ ၁၈၀၀၀ ကျပ်သာ ရရှိပါသည်။ တာဝန်ထမ်းဆောင် ရာတွင်လည့် တရက်ပျက်ကွက်လျင် ၇၅ kg လစာအနက် ၂၅ kg ကို ဖြတ်လေ့ရှိသည်။ ယခုအခါ မြန်မာနိုင်ငံ အစိုးရ ကျောင်းဆရာတဦး၏ လစာမှာ ကျပ်ငွေ ၅၀၀၀၀ ဖြစ်ရာ WFP ခန့် ဆရာများကို လစာတိုးရန် WFP ရုံးသို့ တင်ပြလျင် အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်နေပါသည်။
WFP သည် မောင်တော၊ ဘူးသီးတောင်ရှိ မူလတန်းကျောင်းများရှိ ကျောင်းသား/သူများကို School feeding အစီအစဉ်ဖြင့် နှစ်စတွင် ကလေးတဦးကို ဆန် ၁၀ kg ပေးမည်ဟုပြောလေ့ရှိပြီး ပေးရာတွင် တစ်နှစ်ပတ်လုံး ၂ကြိမ် ၃ ကြိမ်သာ ပေးဆောင်ပြီး ကျန်ငွေများအားလုံးကို ရုံးအရာရှိများက ၎င်းတို့၏ ဇိမ်ခံမှုအတွက် အသုံးပြုခြင်းခံရလေ့ ရှိပါသည်။
ကျွန်တော်တို့ မောင်တော၊ ဘူးသီးတောင်ရှိ မူဆလင် လူမျိုးများကို ကူညီရန်အတွက် နိုင်ငံတကာမှ ပေးသော အကူအညီများကို မောင်တော WFP ရုံးအရာရှိများက စိတ်တိုင်းကျ အလွဲသုံးစား လုပ်ခြင်းနှင့် ကျွန်တော်တို့ အပေါ်လူမျိုးရေးအရ နှိပ်ကွက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို မောင်တော UNHCR ရုံးအရာရှိများနှင့် ကမ္ဘာက သိစေရန် တင်ပြလိုက်ရပါသည်။
မောင်တော WFP ရုံး
အငယ်တန်း ဝန်ထမ်းတဦး
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...
အင်တာဗျူး
ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးကို လက်ရှိ ပါတီ၏ ရပ်တည်ချက် အခြေအနေများနှင့် အနာဂတ်...



