သို့
အယ်ဒီတာ
သီးသန့်ပြည်နယ်ပေးစေလို
ရခိုင်ပြည်မှရရှိသမျှ အဖိုးတန်ပစ္စည်းများကိုရောင်းချပြီး ရသမျှငွေဖြင့် ပြည်မတွင်လမ်းများ၊ တံတားများ လျှပ်စစ်ထုတ်လုပ်ရန် ရေတံခွန်များ တည်ဆောက်နေသည်ဟု ကြားသိရပေသည်။ သို့သော် ရခိုင်ပြည်နယ်အတွက် ဘာတခုမှ ပြုလုပ်သည်ကို မကြားရချေ။ ရခိုင်ပြည်နယ်မှာ ရခိုင်းရိုးမကာဆီး နေသောကြောင့် ပြည်မနှင့်အဆက်အသွယ်မရှိ ဖြစ်နေသည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်ကို သီးခြားပြည်နယ်တခုအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလိုက်သည်။ ရခိုင်ပြည်မှာ ကိုယ့်မင်းကိုယ့်ချင်းနှင့်နေထိုင်လာခဲ့သော တိုင်းပြည်တပြည်ဖြစ်သည်။ ထိုကဲ့သို့ ရာဇ၀င်အရသော်၎င်း၊ သမိုင်းအရသော်၎င်း ထင်ပေါ်ကျော်ကြားသော တိုင်းပြည်ကို ဗမာများအနိုင်ကျင့်ကာ ပြည်ဖုံးကားချထားခြင်းမှာ မသင့်လျှော်ကြောင်း တင်ပြလိုက်ရပေသည်။
ဆရာတော်
အနောက်ရခိုင်
***** ***** ***** ***** ***** ***** ***** ***** ***** |