သို့
အယ်ဒီတာ
ဒုရဲအုပ် ဖေသိန်း လာဒ်စားနေသဖြင့် အရေးယူပေးစေလို
ရခိုင်ပြည် ပေါက်တောမြို့နယ် အခြေစိုက် ဒုရဲအုပ် ဖေသိန်းမှာ ရခိုင်ပြည်တွင်း စီးပွားရေး သမားများ၊ ရာဇ၀တ်မှုကျူးလွန်သူများနှင့် လူထုတချို့ထံမှ လာဒ်စားပြီး ပြည်သူများအား နိုင်ထက်စီးနင်းမှုများ ပြုလုပ်နေပါသည်။
၁၀၊၄၊၀၇ နေကက လူသတ်မှုနဲ့ တရားခံဖြစ်နေသူ ငွေတွင်းဒွေရွာနေ မောင်ဖြူလှအား ဖမ်းဆီးခြင်း မရှိပဲ လာဒ်ငွေ (၄)သိန်းစားပြီး ပြန်လည်လွတ်ပေးလိုက်ပါသည်။ စစ်တွေမှ ဘင်္ဂလာသို့နွားမှောင်ခို မှုနှင့် ဖမ်းဆီးထားသော အနောက်ရဲကျေးရွာမှ ခင်မောင်ထံမှလည်း လာဒ်ငွေ(၈)သိန်းလာဒ်စားပြီး လွှတ်ပေးလိုက်သည်။
ဓါးပြတိုက်မှု တခုတွင် ကုလားမောင်မဲ(ရဲထွက်)၏သား ထွန်းထွန်းအောင်ထံမှလည်း လာဒ်စားကာ စာကမ်း၍ ပြေးခိုင်းပါသည်။ ဘင်္ဂလာသို့ ကျွဲနွားမှောင်ခို စက်လှေများကိုလည်း ဖမ်းဆီးခြင်းမရှိပဲ ငွေသာလျင် တောင်းခံနေပါသည်။ လာဒ်ပေးရင် ဒုရဲအုပ် ဖေသိန်းက ဘာမဆိုလုပ်ပါသည်။
ထို့ပြင် အဆိုပါ ဒုရဲအုပ် ဖေသိန်းမှာ အကြောင်းပြချက် တစုံတရာမရှိပဲ ပေါက်တော မှတ်(၃)ရပ်ကွက်မှ ဦးပတူးမောင်သား နိုင်နိုင်ထွန်း(၁၄)နှစ်အား ရဲစခန်းသို့ဆင့်ခေါ်ယူပြီး ချုပ်နှောင်ရိုက်သတ်လိုက်သဖြင့် သွေးအန်၍ ယခုအခါ ပေါက်တောဆေးရုံတွင် ဆေးကုသမှု ပြင်းပြင်းထန်ထန်ခံယူနေရပါသည်။
တခြားတဘက်မှာ အဆိုပါ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဖေသိန်းမှာ နယ်မြေများရှိ ဂဏန်းဒိုင်၊ ပုဇွန်ဒိုင်များမှ ငွေလိမ်လည်မှုဖြင့် နယ်ပြည်တော်ရှိ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ များထံသို့ တိုင်ကြား သ်ာလည်း ဗဟိုမှ အရေးယူဆောင်ရွက်ခြင်း တစုံတရာမရှိသဖြင့် ဖေသိန်းမှာ ပိုမိုအတင့် ရဲလာကာ ပြည်နယ်ရမှူးကြိးအထိ တန်စိုးလက်ဆောင်များပေးပြီး လာဒ်စားမှုများကို ကျူးလွန်နေပါ သဖြင့် ဒုရဲအုပ် ဖေသိန်းအား တရားဥပဒေနှင့်အညီ အရေးပေးရန် တိုင်ကြားလိုက်ရပါသည်။
မောင်ရဲနိုင်
အမှတ်(၃)ရပ်ကွက်
ပေါက်တောမြို့
***** ***** ***** ***** ***** ***** ***** ***** ***** |