ကျွန်တော်တို့ရခိုင်ပြည်နယ် မောင်တော်မြို့တွင် အသစ်ရောက်ရှိလာသော စသုံးလုံးအရှိများ လာဒ်စားနေပါသည်။လွန်ခဲ့သောနှစ် ဒီဇင်္ဘာလက မလေးရှားသို့သွားသည့်လူ (၅၅)ဦးအား နစကမှ သ၀င်ချောင်းအနီးတွင် ဘုတ်ပျက်၍ မျောပါနေစဉ် ဖမ်းဆီးပြီး လွန်ခဲ့သောလက ထောင်(၅)နှစ်စီ အပြစ်ပေးခဲ့ပါသည်။ ထိုအထဲတွင် အစ္စမိုင်းဆိုသူမှာ အဆိုပါမလေးရှားသို့ သွားမည်ဆိုသူများအား အဓိကစီစဉ်ပေးသူ လူကုန်ကူးပွဲစားဖြစ်သဖြင့် မောင်တောရဲက ဖမ်းဆီးခဲ့ပါသည်။ ဖမ်းဆီးခံရသူ လူ(၅၅)ဦးအားထောင်(၅)နှစ်စီ ချမှတ်ခဲသော်လည်း ယခုအချိန်ထိ အစ္စမိုင်းအား ထောင်မချဘဲ မောင်တောမြို့မ ရဲစခန်းတွင်ချုပ်နှောင်ထားပါသည်။ဤအကြောင်းမှာ မောင်တော စသုံးလုံးမှ ဦးစီးမှူး ဗိုလ်ကြီးက အစ္စမိုင်းအား (၅)နှစ်ထောင်မချဘဲ ခြောက်လသာ ထောင်ချမည်ဟုဆိုကာ အစ္စမိုင်းမိသားစုထံမှ မြန်မာကျပ်ငွေ သိန်း(၅၀) ယူထားပါသည်။ သို့သော်လည်း ယခုအချိန်ထိ အစ္စမိုင်းမှာ ထောင်လည်းမကျ၊ အချုပ်ထဲမှလည်း မလွှတ်ဖြစ်နေပါသဖြင့် မိသားစုများမှာ သိန်း(၅၀)ကုန်ပြီး စိုးရိမ်နေကြပါသည်။ သို့အတွက် လာဒ်ပေးလာဒ်ယူလုပ်နေသူ မောင်တောစသုံးလုံးမှ ဦးစီးမှူး ဗိုလ်ကြီးအား အရေးယူဆောင်ရွက်ပေးပါရန် စာရေးအကြောင်းကြားလိုက်ရပါသည်။
မစ္စတာ ဟာမစ်
မောင်တောမြို့
***** ***** ***** ***** ***** ***** ***** ***** ***** |