သို့
အယ်ဒီတာ
ကျွန်တော်တို့စာရေးအကြောင်းကြားတင်ပြလိုက်ရပါသည်။

ကျွန်တော်တို့ ပေါက်တောမြို့နယ် ကြိမ်ခုံမော်၊ သ၀င်ချောင်း၊တောင်ချောင်စသည့်ကျေးရွာများတွင် ကျွဲ၊ နွား ပျောက်ဆုံးမှုတိ အကြီးအကျယ် ပေါ်ပေါက်နေပါသည်။ ကျွဲ၊နွားခိုးသူများမှာ အုပ်စုလိုက် နွားများကို ခိုးယူပြီး လိုင်စင် သားသတ်သမားများထံ ရောင်းချခြင်း(သို့မဟုတ်က) တဘက်နိုင်ငံ ဘင်္ဂလာဒေ့ခ်ျသို့ ခိုးထုတ်ပြီး ရောင်းချနေပါသည်။ ရဲစခန်းများသို့ တိုင်ကြားပါကလည်း တစုံတရာ အရေးယူဖေါ်ထုတ်ပေးခြင်း ဖမ်းဆီးသည့် မရှိသည့်အပြင် နွားခိုးသူများအားလိုက်ရှာရန် ငွေးများပေးရပါသည်။ ၎င်းအပြင် နယ်ထိမ်းရဲများက နွားခိုးသူ များနှင့်ပူးပေါင်းပြီး ကျွဲနွားများခိုးယူနေကြောင့်နှင့် ကျွဲနွားများကို ပြန်လည်ရရှိလိုလျှင် ပေါက်တောနယ်ထိမ်းရဲနှင့် သက်ဆိုင်ရာရဲစခန်းများကို နွားတကောင်ကို ကျပ်ငွေတသောင်းကျစီ ပေးနေရပါသည်။ အကယ်၍ငွေမပေး နိုင်ပါက ရဲသားများနွားခိုးသမားများထံမှ ငွေများယူပြီး ခိုးနွားများအား တဘက်နိုင်ငံသို့ ပို့ရန်မသိမသာ လမ်း ပေါက်များဖွင့်ပေးနေကြပါသည်။ အဆိုပါ ကျွဲနွားများခိုးယူမှုတွင် ဖရုံကာကျွန်းရှိ ကျောက်တောင်ရဲစခန်းမှ စခန်မှူး မောင်ထွန်းသာကိုယ်တိုင် ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါ၍ အမြန်ဆုံးအရေးယူပေးပါရန် တင်ပြလိုက် ရသည်။

တောင်ချောင်က
မောင်လောင်

 

***** ***** ***** ***** ***** ***** ***** ***** *****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.