ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာမှာ ရှိသော ရေတပ်နေဗီတပ်ဖွဲ့များက ခရီးသည်တင် စက်လှေများအပါအ၀င် ကုန်တင်စက်လှေများ၊ လောင်းသမ္ဗာန် များ၊ ငါးလောင်းများထံမှ အဆိုပါမြစ်အတွင်း ဖြတ်သွားစဉ် ငွေညှစ်ငွေတောင်း မှုများကို ပြုလုပ်နေပါသည်။
အစိုးရပိုင် သင်္ဘောများမှအပ ပုဂ္ဂလိကပိုင်စက်လှေများအား၊ လောင်းသမ္ဗာန် များအား မေယူမြစ်အတိုင်း ဘူးသီးတောင်သို့ သွားရောက်စဉ် အဆိုပါ ရေတပ် နေဗီများတွင် အတက်အဆင်း လက်မှတ်ရေးထိုးရပါသည်။
လက်မှတ်ရေးထိုးရန် ကပ်တိုင်း ငွေ(သို့မဟုတ်) ပါလာသောကုန်ပစ္စည်းများကို ပေးဆောင်ရပါသည်။ သို့မဟုတ်ပါက အမျိုးမျိုးသော အကြောင်းပြပြီး အချိန် ကြန့်ကြာအောင် လုပ်ဆောင်ခြင်း ရှာဖွေစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပါသည်။ ငါးဖမ်းသမားများ အနေဖြင့်လည်း ငါးများကို နေ့စဉ်နေ့တိုင်း ပေးသွင်းရပါသည်။
အဆိုပါ သေကံခွဆုံတွင် ဆိပ်ကပ်ထားသော နေဗီသင်္ဘောများမှာ ၃၀၈ နှင့် ၃၁၀ တို့ဖြစ်ပြီး ထိုကဲ့သို့ငွေကြေးများတောင်းခံ ကောက်ယူနေပါသဖြင့် ခရီးသွား ပြည်သူများမှာ အထူး ဒုက္ခရောက်နေကြရပါသဖြင့် စာရေးပြီး တင်ပြလိုက်ရ ပါသည်။
ကိုလှမောင်
ဘူးသီတောင်။
တောင်ချေရွာ