ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ
ဗဟိုဌာနချုပ်။ ရခိုင်ပြည်
၂၂၃-နှစ်မြောက် ရခိုင်ပြည်အချုပ်အချာကျဆုံးရေနိန့်အထိန်းအမှတ်
ထုတ်ပြန်ချက်-၀၀၉-၀၇။

အေနိန့် ခရစ်သက္ကရာဇ် ၂၀၀၇-ခု၊ ဒီဇင်္ဘာလ(၃၁)ရက်နိန့်သည် ဗမာပဒေသရာဇ်နယ်ကျူးတပ်တိလက်အောက် ရခိုင့်ဘုရင့်နိုင်ငံတော်၏ ရာဇဌာနီ မြောက်ဦးရွီမြို့တော် ကျဆုံးခရရေ(၂၂၃)နှစ်မြောက်နိန့်ဖြစ်တေ။ အေနိန့် အေရက်ရေ လွတ်လပ်တေရခိုင့် ဘုရင့်နိုင်ငံတော်၏ အမျိုးသားအချုပ်အချာနန့် နိုင်ငံ့လွတ်လပ်ရေး ဆုံးရှုံးခ ရရေ အထိန်းအမှတ်နိန့်ရက်လည်းဖြစ်တေ။

အေနိန့်အေရက်ကိုရောက်တိုင်း အဖရခိုင်ပြည်၏ အမျိုးသားအချုပ်အချာအာဏာနန့် နိုင်ငံတော်ပိုင်နက် နယ်နိမိတ်ကို အသက်စတေးခံဗျာယ် ခုခံကာကွယ်ယင်း ကျဆုံးလားခရေ မျိုးချစ်အာဇာနည်သူရဲကောင်း အပေါင်းရို့အားလည်းကောင်း၊ ဆုံးရှုံးခရရေ လွတ်လပ်ရေးကို ပြန်လည်ရဟိန့်ရေးအတွက် ဆုံးရှုံခရေနိန့်က စလို့ အေနိအေရက်ထိတိုင် မျိုးဆက်တဆက်ပြီးတဆက် တိုက်ပွဲဝင်ယင်း ကျဆုံးခကတ်ရရေ မျိုးချစ်အာဇာ နည်သူရဲကောင်း အပေါင်းရို့အားလည်းကောင်း၊ အေအမျိုးသား ခုခံစစ်နန့်တော်လှန်စစ်ရို့ အတွက် စတေးခံ ပီးကတ်ခရရေ အပြစ်မဲ့ရခိုင်ပြည်သူ အပေါင်းရို့ကိုလည်းကောင်း၊ နက်ရှိုင်းရေခံစားချက်၊ မမိကောင်းရေသတိ ရခြင်း၊ တိုင်းတာလို့မရရေ ဂုဏ်ယူခြင်းနန့်အတူ လှိုက်လဲစွာဦးညွတ် အလေးပြုပါရေ။

တချိန်တည်းမာ ထောင်သောင်းမကရေ အေမျိုးချစ်အာဇာနည် သူရဲကောင်းရို့နန့်အတူ ရခိုင်ပြည်သူရို့၏ သွီးခင်းခရေလမ်းနန့် အရိုးတောင်ပုံထက်မာ တိုင်းတာလို့မရရေသူရို့၏ ဖြူစင်သန့်ရှင်းရေ မျိုးချစ်စိတ်၊ ကိုယ်ကျိုးမဖက်စွန့်လွတ်အနစ်နာခံရေစိတ်၊ ရန်သူပါးမာ အညံ့မခံရေ သူရသတ္တိနန့် အနိုင်မခံအရှုံးမပီးရေ ဇွဲလုံးလရို့ကို စံနမူနာကောင်းယူပနာ အေနိအေမာရောက်နိန်ကတ်တေ ငါရို့မျိုးဆက်ရေ အေမပြီးဆုံးသိရေ သမိုင်းတာဝန်ကို ကာလ၊ဒေသ၊ပယောဂနန့်အညီ ဆက်လက်တာဝန်ယူ ဆောင်ရွက်ပီးလားကတ်ဖို့ဖြစ်တေ။ သမိုင်းပီးတာဝန်ဆိုရာမာ အမျိုးသားညီညွတ်ရေးကို တေဆောက်ရေးရေ အဓိကအခြေခံကျရေ သမိုင်းပီး တာဝန်ဖြစ်တေ။

အေအမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရာမာ ရှိရှိကမင်းသားကြိး၊ဒေးဝန်းကြီးနန့်မြို့သူကြီးရို့ မှာတမ်းတိ ကိုလည်း အလေးအနက် သစ္စာဟိန်ကတ်ဖို့လိုအပ်တေ။ တိုင်းပြည်နန့်အမျိုးသားအတွက် စေတနာအရင်းခံမှန် ကန်ဖို့၊ ဇွဲလုံးလဟိကတ်ဖို့၊ အယူမပြောင်းကတ်ဖို့၊ ညီညွတ်ကတ်ဖို့၊ ရန်သူပါးမာဒူးမ ထောက်အညံ့မခံကတ်ဖို့၊ အရှောင်သမားတိနန့် သစ္စာဖောက်တိကိုရှောင်ကြည်ကတ်ဖို့ နက်နက်ရှိုင်းရှိုင်းမှာ ကြားထားခရေ။ တော်လှန် ရေးအသိ၊ တော်လှန်ရေးသတိနန့် အမျိုးသားရေးတာဝန်လမ်းညွန်မှာတမ်းဖြစ်တေ။

ယကေ အေနိန့်ငါရို့ဇာလုပ်ကတ်ဖို့လဲ။ ငါရို့ဇာလုပ်ကတ်ရဖို့လဲ။ အေနိန့်ပက်ပင်းတာဝန်ဇာလဲ။ အဆင့်ဆင့် ငါရို့လားကတ်ရဖို့။ ငါရို့ရေအေနိန့် နအဖ စစ်အာဏာရှင်စနစ်အောက်မာ အဖိနှိပ်ခံဗမာပြည်သူထု အပါအ၀င် ရှမ်း၊ချင်း၊ကချင်၊ကရင်၊ကရင်နီ၊မွန်နန့်ရခိုင်အမျိုးသားရို့အားလုံး အဖိနှိပ်ခံ ကျွန်ဘ၀ကိုရောက်နိန်ကတ်ရရေ။ ယင်းကြောင့် ဘုံရန်သူနအဖစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးကေ အခြေခံလူ့အခွင့်အရေး၊ဒီမိုကရေစီရေး၊ လူမျိုးစုံ ချစ်ကြည်ရေးနန့်တန်းတူရေး၊ အဖိနှိပ်ခံအမျိုးသားတိုင်း ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့် ရဟိန့်ရေး တိုက်ပွဲရေ အေနိန့်ငါရို့မျိုးဆက်၏ ပက်ပင်းလုပ်ဆောင်ကတ်ရဖို့ အမျိုးသားနိုင်ငံရေးဖြစ်တေ။

အေနိန်ရာမာ ငါရို့ရခိုင်အမျိုးသားရို့၏ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်ရဟိန့်ရေးတိုက်ပွဲရေ ငါရို့ရခိုင် ပြည်သူတရပ်လုံး သွီးစည်းညီညွတ်ရေးမာ အဓိကမူတည်နိန်ရေ။ အေနိန့်ANCကချမှတ်ထားရေ ညီညွတ်ရေး၏ အန္တရာယ်(၄)ရပ်ကို ရှောင်ရှားရေ အင်အားစုနန့် တသီးပုဂ္ဂလတိုင်း ညီညွတ်ရေး လမ်းကြောင်းထက်သို့ ရောက်လာကတ်ရဖို့။ ပြည်သူလူထုအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားကို အမှန်အခြေခံရေ အင်အားစုတိုင်း ညီညွတ်ရေလမ်းကြောင်းထက်မာ အတူလက်တွဲစုစည်း လာကတ်ရဖို့ဖြစ်တေ။

တချိန်တည်းမာ
ANC၏ အမျိုးသားနိုင်ငံရေးလမ်းစဉ်ဖြစ်တေ “နအဖစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးနန့် ဒီမိုကရေစီဟိန့်ရေးနန့်၊ လူမျိုးစုံချစ်ကြည်ရေးနန့်တန်းတူရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနန့် ကိုယ့်ကြမ္မာ ကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်ရဟိန့်ရေး၊ စည်းလုံးခိုင်မာရေ ရခိုင်ပြည်တည်ဆောက်ရေး၊” ကိုယ့်ပြည်သူတရပ်လုံး လက်ခံလာပြီးကေ၊ အေပြည်သူရို့၏ ထောက်ခံအား၊ ညီညွတ်အား၊ အေနိုင်ငံရေးလမ်းစဉ်ကို ယုံကြည်လက်ခံရေ အင်အားစုတိ။ တသီးပုဂ္ဂလမျိုးချစ်ပြည်ချစ်ရို့၏ ညီညွတ်စုစည်းအားနန့် ရခိုင်ပြည်နိုင်ငံရေးကို အဆင့်မြှင့် တည်ဆောက်လားကတ်ပါမေလို့အလေးအနက်တင်ပြတိုက်တွန်းယင်း။

ရခိုင်ပြည် အမျိုးသားညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကတ်။
ဆုံးရှုံးနိန်ရေ ရခိုင်ပြည်သူရို့၏ အမျိုးသားနိုင်ငံရေးရပိုင်ခွင့်ကို ပြန်လည်ရဟိန့်ရေးအတွက် တညီတညွတ်တည်း တိုက်ပွဲဝင်ကတ်။

ပြန်ကြားရေးဌာန
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ။
ရခိုင်ပြည်။                                    ဒီဇင်္ဘာ(၃၁)ရက် ၂၀၀၇-ခု

***** ***** ***** ***** ***** ***** ***** ***** *****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.