“၂၂၃-ကြိမ်မြောက် ရခိုင်ပြည် အချုပ်အချာအာဏာ ကျဆုံးရေ ၀မ်းနည်းခြင်းနိ အထိမ်းအမှတ် ရခိုင်သံဃာ့သမဂ္ဂ၏ ထုတ်ပြန်ကြေငြာချက် ”

ရက်စွဲ။ ။ ဒီဇင်္ဘာလ(၃၁)ရက် ၂၀၀၇

အေဒီသက္ကရာဇ် ၁၇၈၄-ခုထိတိုင်အောင် ၁၈-ရာစု၊ ကမ္ဘာ့မြီပုံကားချပ်ပေါ်၌ လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင် အဖရခိုင်ပြည်ကြီးရေ၊ နှစ်ပေါင်းထောင်နန့်ချီ၍ ၎င်း၏တောက်ပြောင် ကြီးကျယ်ခန်းနား ကြွယ်ဝလာခရေ အစဉ်အလာ အမွီအနှစ်တိကို သယ်ဆောင် လျက် အရှိတောင်အာရှသမိုင်းတခွင်တွင် ၀င်ကြွားစွာ မားမားမတ်မတ်တည်ဟိခပါရေ၊ အတိတ်ကလ လွတ်လပ်ပြီး၊ အချုပ်အချာအာဏာပိုင် အဖရခိုင်ပြည်ကြီး၏ ဧရိယာရေ အနောက်ဖက်မှာ လက်ဟိဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖဲနီမြစ်ထိ အရှိဖက်တွင် ဧရာဝတီမြစ်အရှိဖက်ထိ မြောက်ဖက်တွင် အာသံနန့် တောင်ဖက်တွင် ဘင်္ဂလားပင်လယ်အော်ထိ ကျယ်ပြန့်ခပါရေ။

ယေကေလေ့သွင့် ၁၆၆၆-ခုနှစ်မှာ ရခိုင်ပြည်ရေ ၎င်း၏ အနောက်ဖက် အစိတ်အပိုင်း တခုဖြစ်တေ စစ်တကောင်းဒေသကို ယင်းအချိန်က အိန္ဒိယကိုအုပ်ချုပ်တေ မဂိုအင်ပါယာ ထံပါးမှာ လက်လွတ်ဆုံးရှုံးခရပါရေ။ တဖန်လက်ဟိရခိုင်ပြည် ဧရိယာအပါအ၀င် အရှိရခိုင်ပြည်ရေ ၁၇၈၄-ခုနှစ်မှာ မြန်မာဘုရင် ဘိုးတော်မောင်ဝိုင်း၏ နယ်ချဲ့တပ်တိ သိမ်းပိုက်မှုအောက်သို့ ကျရောက်ခရပြန်ပါရေ။ ထိုအချိန်က စပြီးကေ ရခိုင်ပြည်သူတိရေ တိုင်းပြည်၏အချုပ်အချာအာဏာကို ဆုံးရှုံးခြင်းဆိုစွာရေ တခုလဲမကျန် အားလုံးဆုံးရှုံးရေ ဆိုစွာကို လက်တွိနားလည် သဘောပေါက်လာခကတ်ပါရေ။ ရခိုင်ပြည်သူတိရေ သူရို့ကိုယ်ပိုင် ကိုယ့်လူမျိုး၊ ကိုယ့်ဘုရင်နန့်ဘုရင်မ ကြီးကျယ်ခန်းနားလှရေ ရခိုင်ရွီနန်းတော်ကြီး သူရို့ ချစ်မြတ်နိုးလှရေ အဖရခိုင်ပြည်ကြီးနန့် နောက်ဆုံးအထူးရှားရှားပါးပါးနန့် တန်းခိုဗျာဒိဟာ ကြီးမားလှရေ မဟာမုနိမြတ်သျင်တော်ဘုရားကိုပါ ရှုံးဆုံးလိုက်ရပါဗျယ်။ ယင်းမဟာမြတ်မုနိ သျင်တော် မြတ်ဘုရားကို မြန်မာရို့၏ မြို့တော်ဟောင်းဖြစ်တေ မန္တလေးမြို့တွင် ပြန်လည်နီရာ ချထားခြင်း ခံလိုက်ရပါရေ။

အဖရခိုင်ပြည်ကြီး၏ လွတ်လပ်ရေးနန့်၊ အချုပ်အချာအာဏာကို မကျဆုံးခရလီအောင် ကာကွယ်ခရေ စစ်ပွဲတိမှာ၎င်း၊ ဆုံးရှုံးလားခရေ လွတ်လပ်ရီးနန့် အချုပ်အချာအာဏာကို ပြန်လည်ရယူရေးတိုက်ပွဲမှာသော်လည်းကောင်း၊ ယောင်္ကျား၊မိန်းမ၊အချေတိအပါအ၀င် ပခက်ထက်မွီးစအချေတိနန့် ရခိုင်ပြည်၏ ဆုံးရှုံးလားခရေ လွတ်လပ်ရေးကို ပြန်လည်ရယူရေးဆိုရေ မြင့်မြတ်တေ ရည်မှန်းချက်ပန်းတိုင်တိနန့် တော်လှန်ခရေ ရခိုင်သူရဲကောင်း ဗိုလ်ကျော်ထွီးနန့် ဗိုလ်ချင်းပျံရို့ခေါင်းဆောင်ခရေ အင်အားအကြီး မားဆုံး ရခိုင်သူပုန်ထမှုကြီးရေ နောက်ဆုံး အင်္ဂလိပ်နန့်မြန်မာ နယ်ချဲ့သမား နှစ်ခုအကြား သမိုင်းတွင်ခရေ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲကြီးတခုကို ဖြစ်ပေါ်စီခပါရေ။ အဖရခိုင်ပြည်ကြီးကို နယ်ချဲ့ သမားဟောင်း မြန်မာရို့က နယ်ချဲ့သမားသစ် အင်္ဂလိပ်လက်ထဲသို့ လွဲပြောင်းလိုက်စွာ ခံလိုက်ရပါရေ။ လက်ဟိမြန်မာ စစ်ကိုလိုနီစန်စ၏ အရက်စက်ဆုံး နမူနာပုံစံတရပ်၏ ချိုင်ထားရေနှောင်ကြိုးအောက်က မလွတ်မြောက်နိုင်သိသော ရခိုင်ပြည်သူတရပ်လုံး၏ မှတ်ဥာဏ်ထဲက ရခိုင်ပြည်လွတ် လပ်ရီးနန့် အချုပ်အချာအာဏာကို ပြန်လည်ရယူရီးအတွက် ဆင်နွဲခရေ အဆိုပါစစ်ပွဲရို့ထဲမှာ ရင်နင့်ဖွယ်ခံစား ခရရေ ရာဇ၀င်ကြွီးနာကျဉ်းချက်တိရေ ပျောက်ကွယ်မလားနိုင်သိပါ။ အထူးသဖြင့် စစ်အစိုးရ၏ လွန်ခရေနှစ်ပေါင်း ၄၅-နှစ်ကျော် အုပ်ချုပ်မှုကာလအတွင်းမှာ အဖရခိုင်ပြည်ကြီးရေ အလွန်အမင်း ဆင်းရဲတွင်းသို့ နစ်ခရပါရေ။

ရခိုင်ပြည်သူရို့၏ နိုင်ငံရီး၊အခွင့်ရီး၊ ပြည်သူ့အခွင့်အရီး အားလုံးရို့ကိုလည်း ဖျက်ဆီးခြင်းကို ခံလိုက်ရပါရေ။ အေအဖရခိုင်ပြည်ကြီးမှ ၁၉၉၀-ခု ရွီးကောက်ပွဲက စစ်အစိုးရလိုလားရေ တစညပါတီကို အနိုင်ရလာရေ ရခိုင်ပြည်ဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အစိုးရက ဥပဒေမဲ့အတင်းအဓမ္မ ပိတ်ပင်လိုက် ပါရေ။ သို့သော်စစ်အစိုးရ၏ သေနတ်ပြောင်းဝအောက်မှာ နောက်ဆုံးရဟန်းရှင်တော်မြတ်ရို့၏ ရွီဝါရောင်တော်လှန်ရေးကြီးရေ ရက်စက်စွာ နှိပ်ကွက်ခြင်းကိုခံလိုက်ပြီး မြောက်များစွာသော ခေါင်းဆောင်ရဟန်း သင်္ဃာတော်မြတ်ရို့ ထောင်သွင်းအကျဉ်းချထားခြင်းကို ခံလိုက်ရပါရေ။

အဖရခိုင်ပြည်ကြီး အချုပ်အချာအာဏာနန့် လွတ်လပ်ရေးအတွက် မူရင်းတိုက်ပွဲ၏ ဆက်တိုက် တိုက်ပွဲတခုအနီဖြင့် လက်ဟိဒီမိုကရေစီတိုက်ပွဲရေ ဆက်လက်ချီတက်ဖြစ်ပေါ် နီတုန်းပါ။ အေအချိန် ကာလအတွင်း၌ အထူးအရေးကြီးစွာမှာ အဖရခိုင်ပြည်၏ အချုပ်အချာ အာဏာဆုံးရှုံးနိန်ချိန်ကလ၌ လက်ဟိတရားမ၀င် မြန်မာစစ်အစိုးရက ရခိုင်ပြည်သဘာဝ ဓါတ်ငွိနန့် ရီနံအပါအ၀င် သဘာဝသယံ ဇာတရင်းအမြစ်အားလုံးကို အဖရခိုင်ပြည်၏ တဦးတည်းသော တရားဝင်ပိုင်ရှင်ဖြစ်တေ ရခိုင်ပြည်သူရို့၏ လိုအင်ဆန္ဒလုံးဝမပါဘဲ အားလုံး ချရောင်းနီရေဆိုစွာအချက်ရေ ရခိုင်ပြည်သူတရပ်လုံးအတွက် လုံးဝလက်ခံနိုင်စရာ အကြောင်း မဟိပါ။

ထို့အပြင် ၎င်းစီးပွားရေးလုပ်ငန်းရို့အားလုံးမှာ စစ်အစိုးရ၏ တရားမ၀င်အုပ်ချုပ်မှုကို အဓွန့်ရှည်စီရန်သာ အထောက်အကူဖြစ်စီပြိး အဖရခိုင်ပြည်နန့် မြန်မာပြည်သူတခုလုံးရို့၏ ဒုက္ခများကိုရာ ပိုမိုနက်ရှိုင်းစီပါရေ။ နောက်ဆုံးအနီဖြင့် အဖရခိုင်ပြည်ကြီး၏ ၀မ်နည်းဖွယ် အကောင်းဆုံးသော အေနိရက်ကြီးတွင် ရခိုင်ပြည်ဓါတ်ငွိနှင့် ရီနံများကို ၀ယ်ယူနီကတ်တေ တရုတ်၊ကိုးရီးယား၊ အိန္ဒိယနန့် တခြားတိုင်းပြည်များအားလုံးအပါအ၀င် ၀ယ်ယူသူနိုင်ငံတိ အားလုံးကို မျက်မှောက်အရေးကြီးရေ အမှာစကားပါးလိုစွာမှာ လက်ဟိတရားမ၀င်မြန်မာ စစ်အစိုးရနန့် လုပ်ဆောင်နိန်ရေ စီးပွားရေး လုပ်ဆောင်ချက်ဟူသမျရေ အဖရခိုင်ပြည်ကြီးနန့် မြန်မာပြည်တခုလုံးမှာ ဒီမိုကရေစီကျကျ ရွီးကောက် တင်မြှောက်ထားရေ အစိုးရပေါ်ပေါက် လာစွာနန့် ဘသာဝအလျောက် တရားမ၀င်အဖြစ်သို့ ရောက်လားဖို့ဆိုစွာဖြစ်ပါရေ။ အကြောင်းမှာ ရိုးရိုးချေပြောရကေ ရောင်းရေလူ စစ်အစိုးရကိုယ်တိုင်က တရားမ၀င်သူ ဖြစ်ပြီးကေ ရာဇ၀တ်ကောင်ဖြစ်နီလို့ဖြစ်ပါရေ။

တပြိုင်နက်တည်းတွင် ရက်စက်လှရေ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရီးနန့် ဒီမိုကရေစီနန့် ပြည်သူအချုပ်အချာအာဏာကို ကျွန်တော်ရို့ချစ်မြတ်နိုးလှရေ အဖရခိုင်ပြည်ကြီးနန့် မြန်မာပြည်တခုလုံးသို့ ပြန်လည်ယူဆောင်လာနိုင်စီရီးအတွက် ဆင်နွဲနီရေလက်ဟိတိုက် ပွဲကြီးတွင် နိုင်ငံတကာမှ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း အဖရခိုင်ပြည်ကြီး အတွက် ကြီးမားရေ အေသမိုင်းဝင်နိရက်ကြီမှာ အလီးအနက်ဖိတ်ခေါ်ဆောင်းဆိုလိုက်ပါရေ။

လွတ်လပ်ရီးနန့် အချုပ်အချာအာဏာ မဟိရေ လူရေ သူ့ကျွန်ဖြစ်လားရေ။
လွတ်လပ်ရီးနန့် အချုပ်အချာအာဏာမဟိန့်ရေ လူမျိုးနန့်၊ တိုင်းပြည်ရေ ကျွန်ပြုခံကိုလိုနီတခုဖြစ်လားရေ။
လွတ်လပ်ရီးနန့် အချုပ်အချာအာဏာအတွက် တိုက်ပွဲဝင်မှုရေ ကိုလိုနီလုပ်ခံရရေ လူမျိုးတရပ်အတွက် တရားဝင်အခွင့်အရီးတခုဖြစ်တေ။
(ရခိုင်သံဃာ့သမဂ္ဂဝ
ဖုန်း -၉၈၇၁၃၀၉၉၀၇
နယူးဒေလီ အိန္ဒိယနိုင်ငံ။

Statement by Rakhine Sangha Union (RSU) on Commemoration of 223rd Anniversary Day of Loss of Arakan Sovereignty

Dated: 31st, December, 2007

Upto 1784, Arakan stood on the world map of 18th century, as a powerful independent and sovereign country bringing along with its thousands years of glorious and prosperous heritage in the history of south East Asia. In the past, boundary of sovereign and Independent Arakan then extended its area, up to Feni River of present Bangldesh in the west, up to eastern bank of Irrawady River in the east, up to Assam in the North and in the South, the Bay of Bangal.

But, in 1666, Arakan lost its western past of its Chittagong area to the then Mogul empire of India, and in 1784,its eastern part including present Arakan was occupied by the Burmese king Bodaw Maung Wine, and since then , people of Arakan came to realize that loss of sovereignty meaned loss of everything. They lost their own King, Queen, Palace, their beloved country Arakan ,and at last their most sacred Buddha statute of Mahamuni, which was presently rehoused at Mandalay, the old capital city of Burma.

During the battles of both in defense of independence and their sovereignty and also for regaining it, there were brutal massacre of hundreds of thousands of Arakanese people, including innocent men, and women, children, even babies and Buddhist monks by the invading forces.

Consequently, greatest exodus of Arakanese refugees to the neighboring Chittagong area of then British Bengal also took place in the history. The strongest Arakansese rebellion led by Bo kyaw Thwee and Bo Chin Byan ( King Barang) with its noble goal to restore its independence lastly brought about a historical first war between then English and Burmese forces. Arakan was handed over to the new colonizer, the English, the victor by the old one,the Burmese.

The bitterness suffered from those wars for restoring of Arakanese independence and sovereignty still can not fade away from the memory of entire people of Arakan which is still not freed from the chains of the most brutal form of current Burmese military colonialism.

Particularly, during the forty five years of the military rule, the people of Arakan descended into extreme poverty, and all of the civil and political rights of the people are totally abolished. ALD ( Arakan League for Democracy), the winner party in Arakan in 1990 general election was unlawfully banned. In recent people protests led by Buddhist monks too, Arakansese monks took outstandingly leading role but protests were at last brutally quelled and silenced under the guns by the ruler and many leading monks are put into jail.

The current democracy struggle, a continuance of the original struggle for Arakan sovereignty is still going on. Meanwhile, most importantly, in the absence of Arakan sovereignty, the fact that selling out of all Arakanese natural resources including Arakan natural gas and oil by the current illegal military junta of present Burma without any consent of Arakanese people, the sole legitimate owner of Arakan, is totally unacceptable to the entire people of Arakan. Besides, all those dealings are only helpful to prolong the rule of the brutal military junta and rather deepen the sufferings of the people of Arakan and Burma. Finally on this most tragic day of the Arakansese history, it is our important and immediate message to all of the buyer nations of Arakanese gas and oil, including China, Korean, India and all other countries that all of their present dealings with the present outlawed military junta of Burma will naturally fall into the illegitimate ones when the democratically elected government come to exist in Arakan and Burma in near future simply because the seller, the junta himself is illegitimate and criminal one.

At the same time, we call for all out collaboration of international community with the present struggle of entire people of Arakan and Burma to root out the ruthless rule of military dictatorship in Arakan and Burma and bring back democracy and people’s sovereignty to our beloved land in the earliest time.

A man without Freedom and Sovereignty becomes a slave.

A nation without Freedom and Sovereignty becomes a enslaved-colony.

Fighting for Freedom and Sovereignty is a legitimate right of every colonized nation.

Rakhine Sangha Union (RSU)
For Contact: 9871309907; 9810995224.

***** ***** ***** ***** ***** ***** ***** ***** *****

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.