သက္ကရာဇ် ၂၀၀၇ ခုအတွက်မြန်မာနိုင်ငံ၏ကံကြမ္မာဟောစာတန်း

၂၀၀၇- ၏ ကိန်းဂဏန်း ဖြစ်သော ၂+၀+၀+၇ -လေးလုံးကို ပေါင်းလိုက်ပါက ကိုးရ၏ ၊ ထိုကြောင့်ဂဏန်း ဗေဒင် အရ (၉ )ဂဏန်းနှစ်ဖြစ်ပါသည်။ ကိုးဂဏန်းသည်-၃- အင်္ဂါနံတေဇောဓါတ် ဖြစ်ပေသည်။ အင်္ဂါနံ သည် (စစ်)နံကို ဟောပါသည်။ တေဇောဓါတ်သည် မီး ဓါတ်အရ အပျက် အစီးကို ဟောပါသည်။ ထို ကြောင့် ယခုနှစ်သည် မြန်မာ စစ်အစိုးရအတွက် တခါမှ မတွေ့ မကြုံ ဖူးသော လေးနက်ပြင်းထန်သော ပြည်တွင်းစစ် ပြည်တွင်းရန် များနှင့်၎င်း၊ ပြည်ပရန်များနှင့်၎င်း၊ စစ်အရာရှိ အချင်းချင်း အကြားတွင် ညီညွတ်မှု မရှိ သော ပဋိပက္ခ များနှင့်၎င်း မလွဲသာမချောင်သာ တွေ့ ကြုံ ရင်ဆိုင်ရမည်ဖြစ်၍ စစ်တပ်အတွင်း သဘောထားကွဲ လွဲကာ စစ်တပ် ပြိုကွဲပျက်စီး လိမ္မည်၊ စစ်အစိုးရ ပြုတ်ကျမည်။ အာဏာကျမည်ဟု ဟောလိုသည်။

သင်္ကြန်စာ၏အလိုအရကား

တနင်္ဂနွေ ဂြိုဟ်မင်းသည် ၊ အောက်မဲညိုပွင့် အဆင်းနှင့်တူသော တန်းဆာကို ၀တ်ဆင်လျက် ဘီးလူး ကိုစီးကာ လက်တဘက်က ထင်းမီးကို ကိုင်ဆောင်၍ နောက်လက်တဘက်ကား ၀မ်းကို ပိုက်လျက် ၊ အရှေ့ မြောက်ထောင့်ကနေ၍ ၊ အနောက်တောင်ထောင့် အရပ်သို့ ဝင်၏ဟု ဆိုသောကြောင့် နအဖစစ် အစိုးရသည်ပြည်သူပြည်သားများ အပေါ်၌၎င်း၊ သူတို့ နှင့်အဆင်မပြေသော နိုင်ငံရေး ခေါင်းဆောင် များ အပေါ်၌၎င်း၊ လက်နက်ကိုင် ပါတီအချို့ ကို၎င်း ၊ ရက်စက် ကြမ်းကြုတ်စွာ အမှားမှား အယွင်းယွင်း ပြုမူဆက်ဆံမည်ဖြစ်သည်။သို့ အတွက်ကြောင့် ပြည်တွင်း ဆူပူသောင်းကျန်းခြင်း၊ ပြည်တွင်းစစ် ဖြစ်ခြင်း များကြောင့် စစ်တပ်တွင် မညီညွတ်ဖြစ်ကာ သွေးမြေကျ၍ လူအသေ အပျောက်များမည။်

ပြည်သူပြည်သားများသည် စစ်ဒါဏ် ကြောင့် ငတ်မွတ် ခေါင်းပါး မှုဖြစ်ကာ ကပ်ကြီး ဆိုက်လတ္တံ။ တခါမှ မတွေ့  ကြုံဖူးမကျ ရောက်ဖူးသော ဘေးအန္တရာယ် အမျိုးမျိုးနှင့် မလွဲမသွေ ကျ ရောက်တွေ့ ကြုံ ရင်ဆိုင်ရလိမ္မည် ဖြစ်ပါသည်။

(၉) ဂဏန်းအရကား - မတ်လ(၁၂) ရက်နေ့ မှ ဧပြီလ (၂ရ)ရက်နေ့ အတွင်း၌ မြန်မာနိုင်ငံ၏ နိုင်ငံ ရေး၊ စစ်ရေး အခြေနေသည် ကံကြမ္မာ အဆိုးရွားဆုံး အခြေအနေသို့  ကျရောက်မည် ဖြစ်သဖြင့် နအဖ စစ်အစိုးရ ခေါင်းဆောင်များအဖို့  အတိုက်အခိုက် ခံရခြင်း၊ ထိခိုက်မှုဖြစ်၍ ပျက်စီးခြင်း၊ ရန်များခြင်း၊ အတိုက်ခံ ပေါများခြင်း တို့ ကြောင့်အသေ အ ပျောက်ရှိမည်။ ခေါင်းမာ၍ မိုက်ရူးရဲလုပ်သဖြင့် အမှား အယွင်း ရှိကာ ဘေးအန္တရာယ်တွေ့ မည်။ မီးဘေး ၊သေနတ် ၊ဗုံးအန္တရာယ် များကြောင့် ပျက်စီးများမည် ။ တပ်တွင်းရန်နှင့် မိသားစုရန်များလည်း ပေါ်ပေါက် လိမ္မည်။ ပြည်ပမှဝင်၍ စွက်ဖက်ခြင်းကို အလိုမရှိ ၊ပြည်တွင်း ပြဿနာ ကိုလည်း ၄င်းတို့ ကိုယ်တိုင် မဖြေရှင်းနိုင်၊ နိုင်ငံရေး စစ်ရေး အရလည်း မငြိမ်ချမ်း သည့်အပြင် အမျိုးသားညီလာခံ နောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်သူ့  ဆန္ဒခံယူပွဲလည်း အောင်မြင်မှုမရသဖြင့် ဆင်းရဲ ဒုက္ခများစွာတွေ့  လတ္တံ။

စစ်အစိုးရသည် စစ်ရေး၌ အကျအဆုံးများမည် ။ အထိအခိုက်များမည်၊ မညီညွတ်ရှိကာ ကွဲပြဲ၍ ပျက်စီးလတ္တံ ။ထို ပြည်တွင်း မငြိမ်သက်မှုကြောင့်၎င်း၊ မီး ရေ လေ ငလျင်စသော သဘာဝ ဘေးဥပါဒ် အန္တရာယ် များကြောင့် ၎င်း၊ ပြည်သူပြည်သားများ စိတ်ဒုက္ခ ရောက်မည်။ ထူးဆန်းသော အတိတ် နိမိတ်များ ကျရောက်ပြီး ကပ်ကြီးဆိုက်ကာ ဘေးဥပါဒ် အန္တရာယ်များနှင့် မလွဲမရှောင်သာ တွေ့  ကြုံရလိမ္မည် ။ ပြည်သူများ အနေဖြင့် ငါ့ထံကျမှာလား သူ့  ထံကျ မှာလား၊ ဘုရား တရား ကိုးကာ စိုးရိမ်ကြောင်းကြဖြစ်၍ ကျီးလန့် စာ စားနေရသည့် ဘ၀မျိုး နှင့် မလွဲမသွေ ကြုံတွေ့ ရလတ္တံ့ ။

ယခုနှစ် ကျရောက်သော ဇာတာခွင်အရကား - စီးပွားရေးကောင်းမည်၊ ကုန်သွယ်ရောင်းဝယ်ရေး လုပ်ငန်းများ ကောင်းလာမည် ဆိုသော်လည်း (၈)ဂဏန်း ဗေဒင်အရ မင်းပြောင်းမင်းလွဲမရှိဘဲ ပထမ ခြောက်လအတွင်း ပြည်သူပြည်သားများ၏ ဘ၀အခြေနေကား တိုးတက်နိုင်ရန် အခြေအနေမရှိ။ ကုန်ဈေးနုံးများ ဆန်ဈေးနုံး တက်မည်။ လူသုံးကုန် ပစ္စည်းများ ဈေးတက်မည်။ ဈေးကြီးမည်။ လူတို့  ငတ်မွတ်ခေါင်းပါးမည်။ မင်းဖီးမင်းဒါဏ် သင့်မည်။ ဆင်းရဲဒုက္ခများမည် ။ ရောဂါဘယ များ၍ အသေ အပျောက် ရှိမည်။ ဤသည်ကား ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံ အခြေအနေတည်း။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသော ဇာတာခွင်နှင့် ယခုနှစ် ဇာတာခွင်တို့ သည် ဆင်တူယိုးမှား ဖြစ်သော ကြောင့် ပြည်သူပြည်သားတို့ အောင်ပွဲရမည၊် သြဇာရှိလာမည်၊ လွတ်လပ်မှု ရှိလာမည်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိ၍ လွတ်လပ်ရေး အရသာကို ခံစားခွင့်ရလိမ္မည် ။ချမ်းချမ်းသာသာရှိမည် ဆိုသော်လည်း ပထမခြောက်လ အတွင်းကား ပြည်သူတို့ ခံစားရလိမ္မည် မဟုတ်ပါ။ နှစ်ဦးပေါက်တွင် မကောင်းသော အနိဌာရုံ အမင်္ဂလာများနှင့်သာ ရင်ဆိုင်ရပြီး နောက်ပိုင်း နှစ်ကုန်ခါ နီးမှ လွတ်လပ်ရေး အရသာကို ပြည်သူများ ခံစား ရပေလိမ္မည်။

ဗိုလ်ချုပ်ကြီး သန်းရွေ၏ ကံဇာတာသည်ကား - အသက်(၇၇)နှစ်တွင် စနေ ဂြိုဟ်ပြုတ်မည် ဖြစ်သော ကြောင့် ဇနက္ကမင်း သင်္ဘောပျက်ကိန်းသို့နီးကပ်လာလေပြီ။ ယခုကဲ့သို့ ခေါင်းမာ၍ ရက်စက် ကြမ်း ကြုတ်နေမည် ဆိုပါက ယခု အသက် -၇၄ - ၇၅ -နှစ်မှ စ၍ အသက်- ၇၇- နှစ်အတွင်း ရောဂါ အကြီး အကျယ် ရလတ္တံ ။ အာဏာ ဖီဆန်ခြင်း ခံရမည်။ သူပိုင်ဆိုင်သည့် ပစ္စည်းများ အသိမ်းခံရမည်။ တရား ရင်ဆိုင်တွေ့ ကြုံရမည်။ စီးပွားရေးကျမည်။ သားသမီး မြေးမြစ်များ အသေအကြေ အပျက်အစီး ရှိ လိမ္မည်။ ပူဆာသောကဖြစ်မည်။ ပြည်သူပြည်သားများ အပေါ် သူကျူးလွန်ခဲ့သော အပြစ်ဒါဏ်ကို မလွဲမသွေခံ စားရပြီး အသေဆိုးနှင့် သေရမည်။

နအဖနှင့် ရင်းနှီးဆက်ဆံသော သူတို့ သည်၎င်း၊ ကြံခိုင်ရေး အသင်းကဲ့သို့  ပြည်သူ့ သစ္စာဖေါက်တို့  သည်၎င်း၊ ပြည်သူတို့၏ ရွံရှာမုန်းတီးခြင်းကို၎င်း၊ အပြစ်ဒါဏ်ကို၎င်း မလွဲမသွေ ခံစား ရပေလိမ္မည် ဖြစ်ပါသည်။

ဗိုလ်သန်းရွှေသည် စနေဂြိုဟ် ပထမပိုင်းဖြစ်သော ယခုအသက် -၇၃-မှ -၇၇-နှစ်အကြား ကာလတွင် အပျက်ဖက်သို တဖြည်းဖြည့်း ရွေ့ လျော့ လာလေသည်။ ၇၃- နှစ်နှင့် -၇၅- နှစ် (၆) လ အကြား ကာလ များတွင် ပျက်စီးမည်၊ အသေဆိုးဖြင့် သေရနိုင်ပြီး မသေခဲ့လျင်- ၇၅- နှစ်ခွဲကာလမှ -၇၇-နှစ် ကာလ များတွင် ရောဂါ ကြီးများ ရ၍၎င်း၊ ထိခိုက် ပြစ်ဒါဏ်ချက်ကြောင့်၎င်း မလွဲမသွေ သေဆုံးရမည် ဖြစ်ပေ သတည်း။ ယခုနှစ် တွင် ဗိုလ်သန်းရွှေအဖို့  ရောဂါကြီးများ ခံစားနေရ၍၎င်း၊ မိမိစိတ်တိုင်းကျ ဖြစ်မလာ၍၎င်း၊ တပ်တွင်း ပဋိက္ခ များ ကြောင့်၎င်း၊ ပြည်တွင်း ပဋိက္ခများကြောင်း၎င်း၊ ပူပင်သောကရှိမည်။ စားမ၀င် အိပ်မပျော်ဘဲ ကြောင့်ကြ စိုးရိမ်စိတ်များနှင့် နေ့ စဉ် ရင်ဆိုင်တွေ့ ကြုံ ရလတ၊္တံ အပျက်အစီး ဆုံးရှုံမှုများနှင့် အကြီးအကျယ် ကြုံတွေ့ ရလိမ္မည် ဖြစ်ပါသည်။

ဒေါ် အောင်ဆန်းစုကြည်၏ ကံကြမ္မာကား - အင်္ဂါသမီးဖြစ်သော အောင်ဆန်းစုကြည်၏ အမည်သည် အောင် -ဆန်း-စု-ကြည်- စာလုံးလေးလုံးနှင့် ပေါင်းထားသဖြင့် (၉)ဂဏန်းရ၏၊ ဂဏန်း ဗေဒင်အရကား (၉)ဂဏန်းသည် အင်္ဂါနံ တေဇောဓါတ်ဖြစ်သောကြောင့် ၎င်းအမျိုးသမီးသည် စစ်ရေး နိုင်ငံရေး၌ ထူး ချွန်မည်၊ ထင်ရှားမည်။် သတ္တိရှိမည်။် ရဲရင့်မည် ။ ပြတ်သား တိကျ၍၎င်း၊ စကားပြောဟော ကောင်း၍ ၎င်း၊ လုပ်ရည်ကိုင်ရည် စွမ်း ဆောင်နိုင်မှုကြောင့်၎င်း၊ ဂုဏ်သတင်းကြီးမည် ။ လူချစ်လူခင် ပေါမည်။ ခေါင်းဆောင်ဖြစ်မည် ။ ၎င်းပုဂ္ဂိုလ် များသည် အကြီးအကျယ် ကျော်ဇောထင်ရှားပြီး အကြီးအကျယ် ပျက်စီး ဆုံးရှူံးများနှင့်ကြုံတွေ့ ရတတ်သည်။ (ဥပမာအားဖြင့်) ခိုင်ရာဇာ ၂+၄+၃+ပေါင်း သော် (၉) ရ၏။ ၎င်းခိုင်ရာဇာ သည် ရခိုင်ပြည်တပ် မတော်၏ ကာကွယ်ရေး ဦးစီးချုပ်တာဝန်ဖြင့် စစ်ရေး နိုင်ငံရေးတွင် အထူး ထင်ရှားလာကာ နအဖ အစိုးရကိုယ်တိုင် ကြောက်စိတ် စိုးရိမ်စိတ်များ များလား၍ အိန္ဒိယနိုင်ငံမှ စစ် ထောက်လှမ်းရေး တချို့ နှင့် နားလည်မှု ယူကာ အန္ဒမာန်ကျွန်း၌ အသေ သတ်ပစ်လိုက်ကြသည်။ ထိုကြောင့််  ဒေါ် အောင်ဆန်းစုကြည် သည်လည်း အကြီးအကျယ် ထင်ရှားကျော်ဇောပြီး အကြီးအကျယ် မရည်မှန်းဘဲ ရုတ်တရက် ပျက်စီး ဆုံးရှူံးတတ်သည် ။

ဗေဒင်အလိုကား - အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၆၀မှ ၆၃)နှစ် အတွင်းမှာ ရောဂါ ကြီး ရ၍၎င်း အကြောင်းတခုခုကြောင်း၎င်း ရုတ်တရက်သေဆုံးနှိုင်သည်။ အကယ်၍ မသေဆုံးပါက ၆၄ မှ ၆၆ နှစ် အရွယ်တွင် မလွဲမသွေ ရောဂါကြီး တခုကြောင့် သေဆုံးနိုင်ပါသည်။

နိုင်ငံရေး အရလည်း နိုင်ငံအတွင်း၌၎င်း၊ ပါတီအတွင်း၌၎င်း ရန်သူများလာမည်။ ပဋိပက္ခရှိလာမည်။် မကြိုက်မနာလိုသူများ များလာမည်။ စွပ်စွဲခံရမည်။ အသားထဲက လောက်ဖြစ်၍ မကောင်း ကြံခြင်း ခံရမည်။ တရားစွဲ ခံရ၍ ရုံးရောက်ကမ်းရောက်ရှိလိမ္မည်။ ဤသည်ကား အသက်- ၆၆ -နှစ်အတွင်း အဟောတည်း။

ယခုနှစ် အလိုကား နှစ်ဦးပထမခြောက်လတွင် ဒေါ်စု အနေဖြင့် ပြန်လွတ်ရန် အကြောင်းမမြင်ရ။ ရန်ပြဿနာများ တိုး၍ များပြားလာမည်။ မစားနိုင် မသောက်နိုင် အိပ်မပျော်နိုင်ဘဲ ရှိမည်။ စိတ်ဆင်းရဲ ရတတ်သည်။

နအဖ အစိုးရသည် အပြောင်းလွဲမလုပ်ချင် အာဏာလွဲရမည်ကိုကြောက်၍ မတွေ့ ဆုံ မဆွေးနွေးလို သဖြင့် အမျိုးသားပြန်လည် သင့် မြတ်ရေး လမ်းစမှာ ဝေးကွာနေအုံးမည် ဖြစ်သည်။ ထိုကြောင့် သူတို့  ရေးဆွဲ နေသော အခြေခံဥပဒေမှာ တရားမ၀င်သမျု ပြည်သူ့ ဆန္ဒခံယူပွဲမှာ သူတို့ အနိုင်မရ(၀ါ) တရား ၀င်အစိုးရ မဖြစ်သမျ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်နှိုင် နောက်ထပ်တိုး၍ အကျဉ်းချထား လိမ္မည်။် ဤအကြောင်းတို့  ကြောင့် ပြည်တွင်းဆူပူပြီး ပြည်တွင်း စစ် ဖြစ်ကာ စစ်အစိုးရပျက်စီး၍ မင်းပြောင်း မင်းလွဲရှိမည်လို့ ဟောပါသည်၊ ယူအန် လုံခြုံရေးကောင်စီက ဖိအားပေး သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်နှိုင်။ ပြန်လည်သင့်မြတ်ရေးမလုပ်။် စစ်ခံ တိုက်ရန် လူနှင့် လက်နက် ကရိယာများ စုဆောင်းလိမ္မည်။

တိုင်းရင်းသားလက်နက်ကိုင်ပါတီများ အဖို့ ကား- ယခုနှစ်တွင် နအဖ စစ်တပ် အတွင်းမှာရော တိုင်းရင်း သားလက်နက်ကိုင် ပါတီတို့  အတွင်းတွင်ရော မငြိမ်မသက် အကွဲအပြဲ ရှိမည်။ အထူးသဖြင့် လက်နက် ကိုင် ပါတီများသည်။ နအဖအစိုးရ၏ အလိမ်အညာ သွေးကွဲရန်တိုက် မှုကိုခံရမည်။ အင်အား ကြီးမား သော ကေအန်ယူ၊ ကေအိုင်အို၊ အက်(စ်) အက်(စ်)အေ၊ ယူဒလျုးအက်(စ်)အေ၊ စသော လက်နက်ကိုင် ပါတီများကို သွေးခွဲရန်တိုက်၍ ဖြိုခွဲလတ္တံ ။ ထိုကြောင့် ဤနှစ်တွင် နအဖ အစိုးရသည် လက်နက်ကိုင်ပါ တီတွေကို လက်နက်ချလျင်ချ၊ လက်နက်မချလျင် အင်အားသုံး၍ ဖြိုခွဲဖျက်စီးလတ္တံ ။ ပြည်တွင်းစစ်မီး တောက်လောင်လတ္တံ။ သွေးမြေကျလတ္တံတည်း။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် ပါတီများက တဖက် နအဖက တဖက် တိုက်ခိုက်မည် ဆိုပါက နအဖ စစ်ရှုံး၍ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး ပါတီများ အနိုင်ရရှိမည် ဖြစ်သည်။

အကြောင်းမူကား - အင်အား လေးငါးသိန်းရှိသော နအဖ စစ်တပ်တွင် ရခိုင်၊ချင်း၊ မွန်၊တိုင်းရင်းသား လူ မျိုးများသည် နအဖကို ပြန်တိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ပါတီများနှင့် ပူပေါင်းလာကြ လိမ္မည် ဖြစ်ပေသည်။ အတိုက်အခံများ ညီညွတ်ဖို့ လိုပါသည်။

တို့ ကြောင့် နအဖ စစ်အစိုးရသည်၊ သက္ကရာဇ်- ၂၀၀၇- ခုနှစ်တွင် အိုင်အယ်လ်အို ကို၎င်း၊ အာစီယံ ကို၎င်း၊ ယူအန်လုံခြုံရေးကောင်စီ စကားကို၎င်း နားမထောင်သည့်အပြင် နာမည်ကြီး နိုင်ငံရေး အကျဉ်းသား များကိုလည်း လွတ်မပေးဘဲ သူတို့ အာဏာမြဲရန်အတွက် ပရိယာယ် အမျိုးမျိုး သုံးပြီး အတိုက်ခံများကို တိုး၍ ရက်စက်ကာ ခေါင်းမာအုပ်ချုပ်နေမည်ဖြစ်သောကြောင့် မတ်လ (၂၁)ရက်မှ ဧပြီ(၂၇)ရက် အ တွင်း၌၎င်း စက်တင်္ဘာ၊ အောက်တိုဘာ၊ နိုဝင်္ဘာလများတွင်၎င်း အထက်ဖေါ်ပြပါ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါး ရေး၊ ဘာသာရေး၊ ပဋိပက္ခတို့ သည် အဆိုးဝါးဆုံး အခြေနေသို့ ရောက်ရှိ လာမည် ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး စစ်ရေး စီးပွားရေး ငြိမ်သက်မှု မရှိဘဲ ဆိုးဝါးနေသောကြောင့် မြန်မာနိုင်ငံ၌ နေထိုင် ကြသော သန်း(၅၀)သော ပြည်သူပြည်သားတို့ သည်လည်း ကပ်ကြီးဆိုက်ကာ ဆင်းရဲဒုက္ခ အမျိုးမျိုးကို အလူးအလဲ ခံကြရပေမည်။

အကြံပေးချက် ။ ။ ယခုနှစ်မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည် သင့်မြတ်ဖို့ မရှိ ၊ သုံးပွင့်ဆိုင် နှစ်ပွင့် ဆိုင်လည်းမရှိ၊ သွေးမြေမကျဘဲ ဒီမိုကရေစီမရနိုင် စစ်အစိုးရပြုတ်မကျဘဲ ဒီမိုကရေစီမရနိုင်။ ထို့  ကြောင့် ပြည်တွင်းပြည်ပရှိ နအဖ ကိုဆန့် ကျင်နေကြသော လက်နက်ကိုင် ၊ လက်နက်မဲ့ နိုင်ငံရေး သမားများသည် ----
(၁) ပြည်တွင်းအုံကြွဆန္ဒပြဖို့ အတွက် လုပ်ဆောင်ပါ
(၂) နအဖ စစ်တပ်အရာရှိများ ကွဲပြားအောင် လုပ်ဆောင်ပါ
(၃) နအဖ တပ်ထဲမှ ရခိုင်၊ချင်း၊မွန်၊ကရင်၊စသော တိုင်းရင်းသားများကို၎င်း ဗမာရဲဘော်များကို၎င်း စည်းရုံး၍ ပူးပေါင်းလုပ်ဆောင်ပါ။
(၄) လက်နက်ကိုင်ပါတီများ အချင်းချင်းပူးပေါင်း၍ နအဖကို ပြန်တိုက်ကြပါ။
(၅) ပြည်တွင်းနိုင်ငံရေးသမားများ ဖြစ်ကြသော (စီအာပီပီ-အန်အလ်ဒီ)၏ ခေါင်းဆောင်တို့ သည် ပြည်သူ့ လွတ်တော်ခေါ်ခြင်း ပိတ်ထားသော ရုံးများကို ပြန်ဖွင့်ခြင်း စင်ပြိုင်အစိုးရ ထူထောင်ခြင်းများ ပြုလုပ်ကြပါက ဒီနှစ်အတွင်း နအဖ ပြုတ်ကျ၍ ဒီမိုကရေစီအရသာကို ပြည်သူပြည်သားများ ခံစားရကြပါလိမ္မည်။

နိုင်ငံတကာ အခြေအနေကိုဗေဒင်ဟောရသော် ယခုနှစ်သည် (၉)ဂဏန်း ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စစ်ရေး နိုင်ငံရေးများ ရှူပ်ထွေး ပွေလီလတ္တံ ။ နိုင်ငံအသီသီးတွင် နိုင်ငံ၏ ခေါင်းဆောင် များ ထိခိုက် ဒါဏ်ရာရခြင်း၊ ပျက်စီးခြင်း၊ အပြောင်းအလွဲရှိခြင်း များကြောင့် ထိုင်းနိုင်ငံ၌ နေသော တိုင်း သူ ပြည်သားများ ဆင်းရဲဒုက္ခများလိမ္မည်။ အထူသဖြင့် နိုင်ငံရေးအရ မငြိမ်သက်မှုများ ရှိလိမ္မည်။ အကြမ်း ဖက်ခြင်းရှိမည်၊ ဗုံးဖောက်ခြင်း ၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ ဆန္ဒပြခြင်းများရှိမည်။ မူဆ လင်ဘာ သာဝင်တို့ အကြမ်းဖက်ခြင်းကြောင့် ဘာသာရေး ပဋိက္ခများရှိမည်၊ မူဆလင်ဘာသာ ကိုးကွယ် သော နိုင်ငံများတွင် အထူးသဖြင့် များများစားစား အထိအခိုက် အပျက်အစီးရှိမည်။ နိုင်ငံရေး အရ ရှုပ်ထွေးလတ္တံ။

အီရန်၊ မြောက်ကိုးရီးယား၊ မြန်မာစသောနိုင်ငံတို့ သည် ယူအန် လုံခြုံရေး ကောင်းစီ၏ အမိန့် အာဏာ ကို မနာခံဘဲ ထင်ရာစိုင်း လုပ်ဆောင် နေခြင်းကြောင့် နိုင်ငံတကာက သည်းးမခံနိုင်ဖြစ်ကာ စစ်ရေး နိုင်ငံ ရေးအရ စိုးရိမ်စရာ ရှိမည် ။ အကြမ်းဖက်ခြင်းများရှိမည်။ ဘာသာရေး ပဋိပက္ခများရှိမည်။

အထူးသဖြင့် နိုင်ငံရေးအရ စိုးရိမ်ရသော နိုင်ငံများမှာ မူဆလင် ဘာသာကိုးကွယ်သည့် အီရန်၊ အီရတ် နိုင်ငံများ အပါအ၀င် အမေရိကန်၊ အင်္ဂလိပ်၊ ဂျပန်၊ မြောက်ကိုးရီးယား၊ သီရိလင်္ကာ၊ ပါလက်စတိုင်း၊ အီသီယိုပီး ယား၊ ဆီးရီးယားနှင့် အရှေ့ တောင်အာရှ နိုင်ငံများ၊ တောင်အာရှ နိုင်ငံများ တရုတ်၊ ထိုင်ဝန်စသော နိုင်ငံများ ဖြစ်ပါသည်။

အသျှင် ဣန္ဒာစက္က (အမ်အေသမိုင်း)
ဗေဒင်နှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသားဗုဒ္ဓဘာသာကျောင်းတိုက်
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ
ဖုန်း- ၀၀၈၈ (+) ၀၁၅၈ ၄၁၃ ၁၄၅

ယနေ့ငွေလှဲလှယ်နှုံး

၁ တာကာ  15 ကျပ်ငွေ
၁ ဒေါ်လာ  1050  ကျပ်ငွေ
၁ အက်အီးစ 1000  ကျပ်ငွေ

Free News Subscriber

Add Email Address
Subscribe
Unsubscribe

News Archive

 

Narinjara News (NN) was founded by a group of Arakanese in exile in Bangladesh from Burma in 2001 seeking to voice for the people depriving of human and democratic rights and to pave the way for them who are struggling for those rights. The Narinjara News is an independent organization, not affiliated with any political party or organization. Any opinion or advice relating to our News Agency is warmly welcomed and please email to: narinjara@narinjara.com

Copyright © 2007 Narinjara News All Rights Reserved.