Advertising
English News

ကမ္ဘာခရီးသွားများနေ့အထိမ်းအမှတ် ငပလီတွင် စက်ဘီးစီးပွဲတော်ကျင်းပ

နိရဉ္စရာ၊ စက်တင်ဘာ ၂၆

42514407_2110876235591109_4514073536481984512_n

စက်တင်ဘာလ ၂၇ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ခရီးသွားများနေ့(World Tourism Day)ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ငပလီရှိ ဟိုတယ်ဇုံမှဦးဆောင်ပြီး စက်ဘီးစီးပွဲတော်ကို ယနေ့ နံနက်က ကျင်းပခဲ့သည်ဟုသိရသည်။

“ အဓိကတော့ ရခိုင်ဒေသ ခရီးသွားလုပ်ငန်းကို တိုးတက်ဖို့ရည်ရွယ်ပြီး ကမ္ဘာခရီးသွားများနေ့ အထိမ်းအမှတ်နေ့မှာ စက်ဘီးစီးပွဲတော်ကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဟိုတယ် မန်နေဂျာ တစ်ဦးက ပြောဆိုသည်။

သံတွဲလေယာဉ်ကွင်းမှ PVR ဟိုတယ်အထိ ၆ မိုင် နီးပါးခရီးကို စက်ဘီးစီး၍ ချီတက်ခဲ့သည်ဟု သူက ပြောကြားသည်။

၎င်းစက်ဘီးစီးပွဲတော်တွင် လူဦးရေစုစုပေါင်း ၂၀၀ခန့် ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

( ဓာတ်ပုံ- အာရိယာန်နွယ်)