English News

“ ကိုယ့်ပြည်သူတွေထိခိုက်တာ ကိုယ့်ကိုထိခိုက်တာနဲ့ အတူတူပါဘဲ” ရုပ်ရှင် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်

နိရဉ္စရာ၊ စက်တင်ဘာ ၁၀

21462417_1640831435928927_2536827083438630931_n

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်းမှာ အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရခိုင်တိုင်းရင်းသားပြည်သူတွေ အိုးအိမ်တွေကို စွန့်ခွာပြီး အသက်လု ထွက်ပြေးနေကြရပါတယ်။ ဒီလို ဖြစ်နေတဲ့ အပေါ်မှာ နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် တစ်ဦးအနေနဲ့ ဘယ်လို ခံစားရပါသလဲလို့ နိရဉ္စရာ သတင်းဌာနက မေးကြည့်တော့ ရုပ်ရှင် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က အခုလို စတင် ပြောကြားပါတယ်။

“ကျွန်မတို့ အနုပညာလောကသားအားလုံးကလည်း ပြည်သူတွေပါဘဲ။ ပြည်သူတွေ အားလုံးနဲ့ တစ်သားတည်း ဖြစ်တဲ့ အတွက် ကိုယ့်ပြည်သူတွေ ထိခိုက်တာဟာ ကိုယ့်ကိုထိခိုက်တာနဲ့ အတူတူပါဘဲ။”

မေး- ဘာကြောင့် အခုလို ကူညီမှု လုပ်ရတာပါလဲ။ ခုလို မေတ္တာသင်္ဂဟ အကူအညီ လာပေးတာနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်လေးကို မျှဝေပေးပါ။

“အဓိကတော့ ကျွန်မတို့ ဒုက္ခသည်တွေ လိုအပ်နေတဲအထဲမှာ တစ်ခြား ကူညီမှုထက် ဒီကူညီမှု၊ ကိုယ့်လုပ်နိုင်တဲ့ ကူညီမှုလေးကို အရင်ဆုံးလုပ်ကြတဲ့ သဘောပါဘဲရှင်။ လောလောဆယ် စာရေး နေရေးက အရေးကြီးနေတော့ နေရေးက ပြသနာမရှိတဲ့အတွက် စားရေးက တကယ်ခက်ခဲနေတာကြောင့် အရင် ဖြေရှင်းနိုင်အောင် တတတ်တအား ကိုယ်နိုင်သလောက် ၀ိုင်းဝန်းကူကြတာပါရှင်။”

မေး- ရခိုင်ပြည်သူတွေကို ပြည်သူချစ်တဲ့ အနုပညာရှင် တစ်ယောက်အနေနဲ့ ဘယ်လို နှစ်သိမ့်စကားများ ပြောလိုပါသလဲ။

“ ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံး၊ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံး တစ်ညီတစ်ညာတည်းပါဘဲ။ ကျွန်မတို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မတို့လည်း တတ်နိုင်သလောက် ကိုယ်နိုင်သလောက် ကိုယ်အား ဥာဏ်အားနဲ့ ၀ိုင်းဝန်း ကူညီသွားကြမယ်ဆိုတာ သတင်းပါးလိုပါတယ်။ ရခိုင်ကို လူကိုယ်တိုင်သွားရောက်ဖို့လဲ စီစဉ် လုပ်နေပါတယ်။”

(ပြီး)

(ရန်ကုန်မြို့ ပင်ရွှေညောင်လမ်းတွင် တည်ရှိသည့် အလိုတော်ပြည့်ကျောင်းတွင် စက်တင်ဘာ ၁ ရက်နေ့က မေတ္တာသင်္ဂဟအဖွဲ့မှ အကူအညီများ လာရောက်ပေးလှူစဉ် မေးမြန်းထားခြင်း ဖြစ်ပါသည်။)