Advertising
English News

“ကုလားကျွန်”ဟုအော်ခိုင်းကာ ရိုက်နှက်အသရေဖျက်သူ ၃ဦးကို တရားရုံးက ပြစ်ဒဏ်ချ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၂၄

42497167_2108397959172270_2523642020564566016_n

ရခိုင်ပြည်နယ် မြေပုံမြို့တွင် အမျိုးသမီးတစ်ဦးအား ရိုက်နှက်ညှဉ်းပန်းပြီး မြို့ကို ပတ်ကာ “ကုလားကျွန်” ဟု အတင်းဓမ္မအော်ခိုင်းမှုပြုလုပ်ရန် စေခိုင်းသူ ၃ ဦးကို မြေပုံမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လ (သို့မဟုတ်) ဒဏ်ငွေ တစ်သိန်းခွဲ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။

အမှုဖြစ်စဉ်မှာ လွန်ခဲ့သည့်နှစ်က ဒေါ်စိုးချေသည် မြေပုံဈေးမှ ကွမ်းတစ်ပိဿာခွဲ၊ ငါးခြောက် ၅၀ ကျပ်သား၊ ဆန်မှုန့် ၅၀၀ ကျပ်ဖို့ဝယ်လာသည်ကို ဘင်္ဂါလီများကို ဈေးရောင်းချရန်သွားသည်ဟု စွပ်စွဲချက်ဖြင့် လူ ၆ ဦးက ဦးဆောင်၍ ၀ိုင်းဝန်း ရိုက်နှက်ညှင်းပန်းနှိပ်စက်သည့် အပြင် ဒေါ်စိုးချေအား မြို့ကိုပတ်၍ “ ကုလားကျွန်” ဟု အော်ခိုင်းကာ အသရေပျက်အောင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းလုပ်ရပ်ကို မကျေနပ်၍ ဒေါ်စိုးချေက မြေပုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်ဟု တရားလို ဒေါ်စိုးချေ၏ ဆွေမျိုးတစ်ဦးဖြစ်သူ ဒေါ်တင်တင်ညိုက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

တရားစွဲဆိုခံရသူများမှာ ဒေါ်အေးဝင်းကြည်၊ ဒေါ်မဆိုး၊ ဦးအာမဲချေ၊ ဒေါ်မခင်သိန်း၊ ဒေါ်ဆံခြူမနှင့် ဦးထွန်းထွန်းဝင်းတို့ဖြစ်ကြသည်။

၎င်းတို့ ၆ ဦးအထဲမှ ဒေါ်အေးဝင်ကြည်၊ ဒေါ်မဆိုးနှင့် ဦးအာမဲချေတို့အား စက်တင်ဘာ ၁၇ ရက်နေ့က မြေပုံမြို့နယ် တရားရုံးမှ လူ ထောင် ၃လ (သို့မဟုတ်) ငွေဒဏ် ၁ သိန်းခွဲစီ ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့သည်။

ဒေါ်တင်တင်ညိုက “သူတို့ကို ထောင်ဒဏ် ၃ လ သို့မဟုတ် ငွေ ၁ သိန်းခွဲ ပေးဆောင်ရမယ်လို့ တရားရုံးက ချမှတ်လိုက်ပါတယ်။ ဒါကို သူတို့က ဒဏ်ငွေ ၁ သိန်းခွဲဆောင်ခဲ့ရပြီး အယူခံနဲ့ လွတ်လိုက်ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

(ဓာတ်ပုံ- မြေပုံ သင်္ဘောဆိပ်)