Advertising
English News

ခရီးသည် ၁၉၀ တင်ဆောင်လာသည့် စင်္ကာပူလေကြောင်းလိုင်း လေယာဉ် မန္တလေးတွင် အရေးပေါ်ဆင်းသက်ခဲ့ရ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉

27657901_1822045311140871_827495243355085819_n

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒက္ကားနိုင်ငံတကာ လေဆိပ်မှ ခရီးသည် ၁၉၀ ကိုတင်ဆောင်လာသည့် စင်္ကာပူ လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် မန္တလေးလေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု သိရှိရသည်။

လေယာဉ် ခရီးစဉ် အမှတ် SQ 449 သည် ဒက္ကားမြို့ Shahjalal နိုင်ငံတကာ လေဆိပ်မှ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ထွက်ခွာ ပျံသန်းလာခဲ့ရာ ပျံသန်းပြီး တစ်နာရီခွဲခန့်အကြာတွင် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်လာရာမှ မန္တလေးလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်ဟု BDnews တွင် သတင်းဖော်ပြသည်။