Advertising
English News

ခိုင်အာဏာနီ(ခ) ဦးထွန်းစိန်ကွယ်လွန်

နိရဉ္စရာ၊ ဇွန် ၎

34399645_1943493052329429_1273000591110438912_n

ရခိုင်တော်လှန်ရေးနယ်မြေမှ လူသိများထင်ရှားသူ တစ်ဦးဖြစ်သည့် ခိုင်အာဏာနီ(ခ) ဦးထွန်းစိန်သည် ယနေ့ နံနက်က ဘင်္ဂလာဒေ့ရှ် နိုင်ငံ ခြံချောင်းကျေးရွာတွင် ကွယ်လွန်သွားခဲ့သည်။

သူ၏ ဆွေမျိုးတော်စပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်မှာ ယမန်နေ့ညက တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ကြောင်း၊ ရေမိုးချိုး စားသောက်ပြီး အိပ်ရာဝင်သွားခဲ့ကြောင်း၊ ယနေ့နံနက်က သူ့ထံတွင် စာသင်နေသည့် ကလေးငယ်များ စာသင်ရန် သွားစဉ် နိုးမရဘဲ သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း ပြောကြားသည်။

ခိုင်အာဏာနီသည် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဥက္ကဋ္ဌ ခိုင်မိုးလင်းနှင့် အတူ ကရင်ပြည်နယ်မှ ရခိုင်သို့ ခရီးရှည်ချီတက်ရာတွင် ပါဝင်လာခဲ့သူ တစ်ဦးဖြစ်သည်။ ချင်းပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်က လွတ်လာပြီးနောက် စစ်တွေကောလိပ်တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။

၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေး တပ်ဦးတွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်များထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီဟု ဆွေမျိုးများက ပြောကြားသည်။ သူ့အား ဇွန် ၅ ရက်နေ့တွင် ခြံချောင်းကျေးရွာတွင် သဂြိင်္ုလ်မည်ဟု သိရသည်။

(ဓာတ်ပုံ- အောင်ငြိမ်းဝါမ်းပို့စ်)