Advertising
English News

ခွင့်ပြုချက်မရှိဘဲ ဘင်္ဂလီဒုက္ခသည်စခန်းများသို့ ၀င်ရောက်ရန်ကြိုးပမ်းသဖြင့် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံခြား ၃၉ ဦးကို ဘင်္ဂလာရဲက ပြန်လည် လွတ်ပေးခဲ့

နိရဉ္စရာ၊ မတ် ၁၁

29027585_1855634514448617_5375887028258865152_n

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်တွင် မြန်မာနိုင်ငံက ထွက်ပြေးသွားသည့် ဘင်္ဂလီလူမျိုးများ အတွက် ဖွင့်လှစ်ထားသည့် ဒုက္ခသည် စခန်းများ သို့ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ရန်ကြိုးပမ်းသူ နိုင်ငံခြား ၃၉ ဦးကို ဘင်္ဂလာရဲက ဖမ်းဆီးထိန်းသိမ်းပြီးနောက် ညနေပိုင်းတွင် ပြန်လည် လွတ်ပေးလိုက်သည်ဟု Bdnews 24 com တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ နိုင်ငံခြားသား ၃၉ ဦးမှာ နိုင်ငံတကာ အန်ဂျီအိုနှင့် ဒေသအတွင်းက အန်ဂျီအိုများတွင် လုပ်ကိုင်နေသည့် အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ တူရကီ၊ မလေးရှား၊ ဒိန်းမတ်၊ နယ်သာလန်စသည့် နိုင်ငံများက ဖြစ်ကြပြီး ခရီးသွား ဗီဇာ (Tourist visa) ၀င်ရောက်ရန် ကြိုးပမ်းရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သူတို့အားနေ့လယ်ပိုင်းတွင် ဖမ်းဆီးပြီး ညနေပိုင်းတွင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ ပြန်လည် လွဲပြောင်းခဲ့ကြောင်း၊ နောက်နောင် ထိုသို့မပြုလုပ်ရန် တာဝန်ခံမှုနှင့် အတူ ပြန်လည် လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကော့စ်ဘဇားခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ Afruzul Haque Tutul က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုအခါ များပြားလှစွာသော စစ်ဆေးရေးဂိတ်များကို အိုးကီးယားမြို့နှင့် တက်ကနက်မြို့ အကြား ကားလမ်း တစ်လျှောက်တွင် တိုးချဲ့ချထားပြီး အဓိက မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂလီလူမျိုးများ ၎င်းဒေသမှ ကျော်လွန်မသွားရန် ရည်ရွယ်၍ စစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်ထားကြောင်း သိရသည်။

ယခု ၀င်ရောက်လာသူ ၃၉ ဦး၏ ပတ်စ်ပို့များအား စစ်ဆေးရာတွင် သူတို့မှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင်းသို့ ခရီးသွားလက်မှတ်ဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ သူတို့အား ထိန်းသိမ်းပြီးနောက် အိုကီးယားရဲစခန်းသို့ လွဲပြောင်းခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်းများသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့မှု အပေါ် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သော ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ပတ်စ်ပို့ မပါဘဲ ၀င်ရောက်လာသူ နိုင်ငံခြားသား ၁၁ ဦးကို ဘင်္ဂလာ အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူတို့၏ အဖွဲ့အစည်း တစ်ခုဖြစ်သော MSF မှ ပတ်စ်ပို့နှင့် သက်ဆိုင်ရာ စာရွက်စာတန်း အထောက်အထားများကို ပေးပို့လာပြီးနောက်ပိုင်းတွင် ပြန်လည် လွတ်ပေးခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်