English News

ဂုဏ်ထူးရ ထူးချွန်ကျောင်းသားများအား မိုးစဲကျွန်းအသင်းမှ ဆုချီးမြှင့်

မဘုကေ
စစ်တွေ၊ ဇူလိုင် ၁၀

19989539_1580421518636586_1529566248203918131_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မိုးစဲကျွန်း(မူစဲကျွန်း)မှ တက္ကသိုလ်ဝင်တန်းအား ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ထူးချွန်ကျောင်းသားများကို မိုးစဲကျွန်း သာရေး၊ နာရေး အသင်း (စစ်တွေ)မှ ဦးဆောင်၍ ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဆုပေးပွဲကို အခမ်းအနားတစ်ရပ် ပြုလုပ်ပြီး စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် အသောကာရုံကျောင်းတိုက်တွင် ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

” ဒီဆုပေးပွဲ ကျင်းပရတာကတော့ ရသေ့တောင်မြို့နယ် မိုးစဲကမ်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ ပညာတတ်တွေ ပေါ်ထွန်းလာစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ် ” ဟု အသင်း၏ အတွင်းရေးမှူး ဦးခင်မောင် ကပြောသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ် ၀င်တန်းစာမေးပွဲတွင် မိုးစဲကျွန်းမှ ၅ဘာသာ တစ်ဦး၊ ၄ဘာသာတစ်ဦး ၊ ၃ ဘာသာတစ်ဦး၊ ၂ ဘာသာတစ်ဦးနှင့် ၁ဘာသာဂုဏ်ထူးရှင် ၁၀ဦးတို့ ထွက်ပေါ်ခဲ့သည်။

တစ်ဘာသာလျှင် ကျပ်၃ သောင်းနှုန်းဖြင့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးခင်မောင်က ဆက်လက် ပြောကြားသည်။

မိုးစဲကျွန်းသည် ရသေ့တောင်မြို့နယ် တောင်ပိုင်း၊ စစ်တွေမြို့နယ်နှင့် ထိစပ် တည်ရှိပြီး အဆိုပါ ကျွန်းပေါ်တွင် ကူတောင် အထက၊ ဥဂ္ဂါ အထကနှင့် ဇီးကိုင်း အထကကျောင်း ၃ ကျောင်းရှိကာ ပညာတတ်များ ပေါ်ထွန်းရာ ဒေသတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မိုးစဲကျွန်းမှ ဂုဏ်ထူးရကျောင်းသားများအား ဆုပေးပွဲသည် တတိယအကြိမ်မြောက် ဖြစ်သည်။