Advertising
English News

ငပလီမြို့တွင် လည်ပင်းညှစ် လုယက်မှုဖြစ်ပွား

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ စက်တင်ဘာ ၂၇

42611663_2112165738795492_914238012915712000_n

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခန့်က လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟုသိရသည်။

လင်းသာရပ်ကွက်၊ရွှေအင်းညီနောင်လမ်းနေ ဒေါ်မကြည်(၈၄)နှစ်ထံမှ မြပြင် (၂) ရပ်ကွက် နေ မောင်ရဲမင်းထွေး (၁၉)နှစ်က လည်ပင်းညှစ်လုယူခဲ့ခြင်းဖြစ်ကြောင်း လင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

လုယက်သူ မောင်ရဲမင်းထွေးအား တာဝန်ရှိသူများက ဖမ်းမိစဉ် ၄င်းလက်ထဲတွင် ကျပ်ငွေ ၁၀၀၈၈၀၀ (ဆယ်သိန်းရှစ်ထောင့်ရှစ်ရာ)၊ နားကပ်တရံ၊ လက်စွပ်တစ်ကွင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

“ဒီမနက် ၉နာရီကျော်မှာဖြစ်တာပါ။လုယူတဲ့သူကလည်း ဒေါ်မကြည်ရဲ့ ဆိုင်ကယ်ဆိုင်မှာလုပ် တဲ့အလုပ်သမားလေးပါ။ဒေါ်မကြည် နေအိမ်မှာဖြစ်ပွားခဲ့တာပါ။အခင်းဖြစ်ပွားပြီးသိပ်မကြာခင်ပဲ ရဲမင်းထွေး ကို တာဝန်ရှိသူတွေနဲ့ ရဲကဖမ်းဆီးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ကို ဂျိတ္တောရဲစခန်း မှာချုပ်ထားပါတယ်”ဟု ဦးမြင့်ထွန်းကပြောသည်။