Advertising
English News

စစ်တွေကမ်းခြေ အပန်းဖြေအနားယူသူများ၊ ဘောလုံးကစားသူများဖြင့် အထူးစည်ကား

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇူလိုင် ၉

36819785_1992326760779391_6468633532787851264_n

ယမန်နေ့ ကကျရောက်သော တနင်္ဂနွေ Super Sunday အားလပ်ရက်နေ့တွင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေ ပင်လယ်ကမ်းခြေ၌ အပန်းဖြေအနားယူသူများ၊ ဘောလုံးကစားသူများဖြင့် အထူးစည်ကားခဲ့သည်ကို တွေ့ရှိရသည်။

နာမည်ကျော် စစ်တွေပွိုင့်မှ အနောက်ဘက် ဘာဆာရွာ တလျှောက် တစ်မိုင်ကျော်ခန့် အကွာအဝေး ရှိသည့် ပင်လယ်ကမ်းခြေတွင် လာရောက် အပန်းဖြေသူများ၊ အုပ်စုဖွဲ့ ဘော်လုံး ကန်သူများဖြင့် ပြည့်နှက်နေခဲ့သည်။

စစ်တွေမြို့ ပလုတ်တောင်ရပ်ကွက်မှ မိန်းခလေးငယ် တစ်ဦးက “ သမီးတို့က တနင်္ဂနွေ ရုံးပိတ်ရက် ဖြစ်တဲ့အတွက် စစ်တွေ ကမ်းခြေကိုလာလည်တာပါ။ ဒီလောက်စည်တယ်ဆိုတာက စစ်တွေမြို့ပေါ်က လူတွေသာမက အနီးအနားမြို့တွေကလည်း မိသားစုလိုက်၊ သူငယ်ချင်းတွေ အုပ်စုဖွဲ့ပြီး လာကြတဲ့ အတွက် စည်ကားတာပါ။ အရမ်းပျော်စရာကောင်းပါတယ်” ဟု ပြောကြားသည်။

ဘော်လုံးကစားသူများ၊ လာရောက်လည်ပတ်သူများမှာ ဘင်္ဂလီများနေထိုင်သည့် (ဘာဆာရွာ) အလွန် ချောင်းစပ်ထိသွားရောက်ခဲ့ကြသည်။

ယမန်နေ့က Super Sunday တွင် ဘင်္ဂလီလူမျိုးများကလည်း သူတို့ အုပ်စုနှင့် သူတို့ ဘောလုံးကစားခဲ့ကြသလို ရေကစားနေကြသူများလည်း အများအပြားရှိခဲ့ကြသော်လည်း တစ်ဘက်နှင့် တစ်ဘက် အကြား မည်သည့် ပြသနာမှ ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့ချေ။

36840966_1992327244112676_8631566470209339392_n

“ကျနော်က ဒီဘာဆာရွာက လာတာပါ။ တနင်္ဂနွေနေ့မှာ ရခိုင်တွေ လာရောက်ပျော်မြူးကြသလို၊ ကျနော်တို့လည်း လာရောက်အပန်းဖြေ ပျော်မြူးကြပါတယ်။ တစ်ဘက်နဲ့တစ်ဘက် ရန်ရှာတာကို မတွေ့ရဘဲ ပျော်ပျော်ရွှင်ရွှင် ကစားနေတာကို တွေ့ရပါတယ်”ဟု ဘာဆာရွာမှ ဘင်္ဂလီ လူငယ် တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဘင်္ဂလီဘက်ခြမ်းတွင် ဘင်္ဂလီများ ဘောလုံးကစားခြင်း၊ ဆိုင်ကယ်စီး ဓါတ်ပုံရိုက်ခြင်း၊ ရေကစားခြင်းများကို တွေ့ရသည့်အပြင် ဘင်္ဂလီများ ဘောလုံးကစားနေသည့် နေရာအထိ ရခိုင်ဘက်မှလည်း ဆိုင်ကယ်ဖြင့် ဖြတ်စီးသွားခြင်း၊ အားကစား လုပ်နေကြခြင်း ပြုလုပ်နေသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိခဲ့ရသည်ဟု မျက်မြင် တစ်ဦးက ပြောကြားသည်။

၂၀၁၂ ရခိုင်- ဘင်္ဂလီအရေးအခင်းနောက်ပိုင်း ဘင်္ဂလီနှင့် ရခိုင်တို့အကြား ဆက်ဆံရေး ပြတ်တောက် သွားပြီးနောက် ယခုတစ်ကြိမ်သည် ပင်လယ်ကမ်းခြေတွက် ရခိုင်တစ်ချို့နှင့် ဘင်္ဂလီများ နီးနီးကပ်ကပ် အုပ်စုအလိုက် ဘောလုံးကန်နေခဲ့ကြသည်ကို တွေ့မြင်ခဲ့ကြရခြင်း ဖြစ်သည်။

(၈-၇-၂၀၁၈ စစ်တွေကမ်းခြေတွင် လာရောက် အပန်းဖြေကြသူများ)