Advertising
English News

စစ်တွေတွင် ငါးဖမ်းပိုက်ချရာမှ လူတစ်ဦးရေနစ်သေဆုံး

နိရဉ္စရာ၊ ဇွန် ၁၃

35162166_1953305501348184_6236675405831471104_n

စစ်တွေမြို့ အနောက်စံပြရပ်ကွက်မှ လူတစ်ဦး ငါးဖမ်းပိုက်ချရာမှ ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဦးမောင်အေးသန်း (၃၆)နှစ် (ဘ) ဦးကွန်ချုပ် ဖြစ်ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဒီနေ့မနက်က ဆုံးတာပါ။ ကျွန်တော်တို့ကို မနက် ၁၀ နာရီခန့်မှာ အနောက်စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးက အကြောင်းကြားတဲ့ အတွက် ကျွန်တော်တို့ စစ်တွေမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဟန်စိုး ဦးဆောင်ပြီး သွားရောက်ပြီး အလောင်းကို စစ်တွေ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲပါတယ်”ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။

သေဆုံးသူ ဦးမောင်အေးသန်းသည် စစ်တွေဟိုတယ်အနီး ဗုဒ္ဓေါမော်ချောင်းတွင် ငါးဖမ်းနေစဉ် ရေနစ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

(မီးသတ်ရှာကယ်တပ်ဖွဲ့ဝင်များမှ အလောင်းကို စစ်တွေဆေးရုံသို့ ပို့ဆောင်ရန်ပြင်ဆင်နေကြစဉ်/ Photo by Rakhien Fire Force)