English News

စစ်တွေတွင် အချိန်အခါမဟုတ် မိုးရွာ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မတ် ၁ဝ

17191141_1459287427416663_2719534779750134171_n

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အချိန်အခါမဟုတ်ဘဲ ယနေ့ မိုးရွာသွန်းခဲ့သည်။

မတ်လ ၁ဝ ရက်နေ့ နံနက် ၈ နာရီခန့်က ၁၅ မိနစ်ခန့်အကြာရွာသွန်းခဲ့ပြီး နံနက် ၁ဝ နာရီခန့်တွင်လည်း ၁ဝ မိနစ်ခန့်အကြာ ရွာသွန်းခဲ့သည်။

နံနက်အစောပိုင်းရွာသွန်းခဲ့မှုတွင် မိုးမများသော်လည်း ၁ဝ နာရီခန့်ကရွာသွန်းမှုတွင် အနည်းငယ် မိုးများခဲ့ပြီး လမ်းပေါ်တွင် ရေများတင်ကျန်ခဲ့သည်ကိုတွေ့ရသည်။

နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် နေသာသွားပြီဖြစ်သည်။

မတ်လ ၆ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် လေပြင်းများတိုက်ခတ်ခဲ့သည့်အတွက် ကျောက်တော်မြို့နယ်ရှိ ကျေးရွာတချို့တွင် နေအိမ်များပြိုလဲခေါင်မိုးလန်မှုဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။

ဓာတ်ပုံ – နောင်ခိုင်အောင်