Advertising
English News

စစ်တွေတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ တစ်ဦးသေ

နိရဉ္စရာ၊ စက်တင်ဘာ ၂၅

42576127_2110211605657572_1272368998989692928_n

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းပစ်ခတ်မှုမှာ ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တွေမြို့ ဝင်္ကဘာကွင်း ဘုရားကြီးအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် စစ်တွေမြို့ ဝင်္ကဘာကွင်း ဈေးပွဲတော် ကျင်းပနေပြီး ၎င်းဈေးပွဲတော်မှာလည်း ပစ်ခတ်မှု ဖြစ်ပွားပြီး ပြိုသွားခဲ့သည်ဟု အနီးအနားနေ ဒေသခံ တစ်ဦးက ပြောကြားသည်။