English News

စစ်တွေမြို့ဝင် ယာဉ်များအား ရဲအင်အားအများအပြားဖြင့် စစ်ဆေးမှုပြုလုပ်

နိရဉ္စရာ၊ စက်တင်ဘာ ၁၁

21462296_1642040552474682_1651942949209483413_n

စက်တင်ဘာ ၁၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်မှ စတင်ပြီး စစ်တွေမြို့ထဲသို့ ၀င်ရောက်လာသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား ရဲအင်အား အများအပြားဖြင့် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

၎င်းစစ်ဆေးမှုအား မင်းဂံရပ်ကွက် စစ်တွေ မြို့အ၀င် ဆိုင်းဘုတ်တည်ရှိရာနေရာတွင် ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့် ရဲတပ်ဖွဲ့မှူးများ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀ ခန့်ပါဝင်ပြီး အနီးဝန်းကျင် တစ်ဝိုက်အား လုံခြုံရေး တိုးမြှင့်ပြီး စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။