English News

စစ်တွေမြို့ ဆွမ်းတော်ကြီး လောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ အောက်တိုဘာ ၆

22221687_1695115047167232_598666333017285418_n

သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပသော ဆွမ်းတော်ကြီးလောင်းပွဲကို နှစ်စဉ် ကျင်းပနေကျ အစဉ်အလာ အတိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင် အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီမှ ၁၁ နာရီခန့်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆွမ်းတော်ကြီးလောင်းပွဲတော်သို့ ဒေသခံပြည်သူ ထောင်ချီ၍ လာရောက်ခဲ့ကြပြီး ၀တ္ထုငွေများ၊ လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြသည်။

ဆွမ်းတော်ကြီးလောင်းပွဲသို့ စစ်တွေမြို့ပေါ်မှ ဆရာတော်ကြီးများ၊ ရဟန်းသံဃာများ၊ ကိုရင်များနှင့် သီလရှင်များ ကြွရောက်၍ ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လက်ခံခဲ့ကြသည်။

22228335_1695115327167204_8154405201223897664_n

အဆိုပါပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ၀န်ကြီးများ၊ တပ်ဖက် အရပ်ဖက် အရာရှိများနှင့် မြို့လူထုများ လာရောက် လောင်းလှူ ခဲ့ကြသည်။

ပွဲမကျင်းပမီ နာရီပိုင်းအလိုတွင် မိုးအနည်းငယ် ရွာသွန်းခဲ့သော်လည်း ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။