English News
  •   မေယုFM ထုတ်လွှင့်နေခြင်းအားရပ်တန့်ပေးရန် Arakan Youth Forum မှသဘောထားထုတ်ပြန်။

စားဝတ်နေရေးအဆင်မပြေ၍ ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦး ကလိုရိုကွိန်းသောက်၍ ကိုယ့်ကိုကိုယ် သတ်သေ

မဘုကေ
စစ်တွေ၊ ဒီဇင်ဘာ ၃ဝ

15726339_1387577521254321_4309915477232181703_n

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ တန်းလွှဲချောင်းကျေးရွာမှ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး သည် ကလိုရိုကွိန်းဆေးပြားများကို အလွန်အကျွံသောက်သုံးပြီး ကိုယ့်ကိုကိုယ့် သတ်သေသွားသည်ဟု ပေါက်တောရဲစခန်းက အတည်ပြုပြောသည်။

“စားဝတ်နေရေး အဆင်မပြေလို့ Chloroquine (ကလိုရိုကွိန်း) ဆေးအလုံးရေ ၃ဝ လောက်သောက်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ပေါက်တော ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာ သို့ပြောသည်။

ဆေးပြားသောက် သတ်သေသွားသည့်အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ် မအေးခင်ဝင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၈ရက် ညနေ ၆ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း ရဲက ဆိုသည်။

“သူ့မှာ ကလေးတစ်ယောက်ရှိတယ်။ ယောက်ျားနဲ့ ကွဲနေတာ ၃ နှစ်လောက်ရှိပြီလို့ သိရတယ်”ဟု ရဲက ပြောသည်။

ထိုအမျိုးသမီးသည် နှလုံးရောဂါခံစားနေရသူ တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။