Advertising
English News

စိန့်မာတင်ကျွန်းခေါ် အုန်ကျွန်းတွင် WY စိတ်ကြွဆေးပြား ၅ သိန်းဖမ်းမိ

နိရဉ္စရာ၊ မတ် ၁၀

28951916_1854235837921818_242012915979255808_n

နတ်မြစ်ဝတွင် တည်ရှိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအပိုင် စိန့်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်းတွင်) ယနေ့ နံနက် ၆ နာရီ အချိန်က WY စိတ်ကြွဆေးပြား ၅ သိန်း ဖမ်းမိခဲ့သည်ဟု Cox’sbazar News တွင် သတင်းဖော်ပြသည်။

၎င်းစိတ်ကြွဆေးပြားများကို သတင်းအရ ကမ်းခြေစောင့်တပ်ဖွဲ့မှ သွားရောက်ရှာဖွေရာမှ ပင်လယ် ကဗွီးပင်များ ပေါက်ရောက်နေသည့် တောအုပ်တစ်ခုမှ ရှာဖွေရရှိခဲ့သည်ဟု ဘင်္ဂလာကမ်းခြေစောင့် တပ်ဖွဲ့တပ်မှူး ဖွန်ဇူလ် အစ္စလာမ်က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းဆေးပြားများကို ဂုံနီအိတ်များတွင် ထည့်၍ တွေ့ရှိခဲ့ပြီးနောက် တက်ကနက် ရဲစခန်းသို့ လွဲပြောင်းပေးလိုက်သည်ဟု သိရသည်။