English News
  •   ရှမ်းမြောက် တရုတ်နယ်စပ်တွင် ၂၀-၁၁-၂၀၁၆နေ့ကမြောက်ပိုင်းမဟာမိတ်အဖွဲ့တိုက်ခိုက်၍ ၉ ဦးသေ၊ ၂၉ ဦးဒဏ်ရာရ။

ဆရာဦးမောင်ညိုကွယ်လွန်

နိရဉ္စရာ၊ ဇန်န၀ါရီ ၁၀

15895039_1396841956994544_221992993977235970_n

စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်ညို (၈၅) နှစ်သည် ဇန်န၀ါရီ ၉ ရက် ယမန်နေ့ ည ၁၀ နာရီက ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော ဆရာ ဦးမောင်ညိုအား နေအိမ်တွင် ဆေးဝါးကုသပြီး စောင့်ရှောက်ထားစဉ် ယမန်နေ့က ရုတ်တရက် ကျန်းမာရေး ဖောက်လာသဖြင့် ဆေးရုံကြီးသို့ အရေးပေါ် ယူဆောင်ရာ ဆေးရုံသို့ အရောက်တွင် စမ်းသပ် စစ်ဆေးရာ အသက်မရှိတော့ကြောင်း ဆရာဝန်က ပြောကြားခဲ့သည်ဟု သားဖြစ်သူ ဦးသိန်းရွှေမိုးက ပြောသည်။

ဆရာ ဦးမောင်ညိုအလောင်းအား ယနေ့ ညနေပိုင်းတွင် စစ်တွေ ရေခဲရုံမှ မောလိပ်ရပ်ကွက်၊ အိမ်အမှတ် (၄၇) သို့ ပြောင်းရွှေ့ယူဆောင်လာမည် ဖြစ်ပြီး သဂြိုလ်မည့်ရက်ကို မသတ်မှတ်ရသေးဟု သိရှိရသည်။

ဆရာဦးမောင်ညိုတွင် ဒေါ်လှမြင့်နှင့် သားသမီး ၃ဦးကျန်ရစ်ခဲ့ကြောင်း သိရှိပါသည်။

ဆရာ ဦးမောင်ညို ကွယ်လွန်သွားခြင်း အပေါ် နိရဉ္စရာ သတင်းဌာန အနေဖြင့် မိသားစုနှင့် ထပ်တူ ကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။