Advertising
English News

ဆရာတော်ဦးဥတ္တမနေအခမ်းအနား တောင်ကိုးရီးယားတွင်ပထမဆုံးအကြိမ် ကျင်းပပြုလုပ်

နိရဉ္စရာ၊ စက်တင်ဘာ ၉

41524271_2091035504241849_8650247099750809600_n

အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် (၇၉) နှစ်မြောက် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို တောင်ကိုးရီးယား နိုင်ငံတွင် ပထမဆုံး အကြိမ် ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် ကျင်းပ ပြလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအခမ်းအနားကို ရခိုင်အသင်း(ကိုးရီးယား)က ဦးစီးပြီး ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့ ဓမ္မယာန သာသနရက္ခိကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ ဒီကနေ့ နေ့လယ် ၁၂ နာရီမှာ အခမ်းအနားကို ရက္ခအောင်နိုင် (ကိုးရီးယား) စည်တော်မင်္ဂလာအဖွဲ့ကနေ ဗုဒ္ဓပူဇနိယျ တီးလုံးကို တီးခတ် ပူဇော်ပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရခိုင်အသင်း အတွင်းရေးမှုး ဦးထွန်းဌေး(ဒု)မှ ဆရာတော် ဦးဥတ္တမ၏ ထေရုပတ္တိကို ဖတ်ကြား ပါတယ်။ ပြီးနောက် ရခိုင်အသင်း(ကိုးရီးယား)၏ နာယက ဆရာတော်ဦးကဝိဇ(Ph.D) ကနေ ဆရာတော် ဦးဥတ္တမရဲ့ ကျေးဇူးဂုဏ်အင် မွန်မြတ်အတုယူဖွယ်ကောင်းတဲ့ အာဇာနည် စိတ်ဓာတ် ကိုဟောပြောခဲ့ပါတယ်” ဟု ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် အခမ်းနားမှူး အဖြစ် ဆောင်ရွက်သူ ဦးကိုကိုနိုင်က ပြောကြားသည်။

ထို့နောက် ရခိုင်အသင်းကိုးရီးယား၏ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း ၊အထွေထွေ အတွင်းရေးမှုး ဦးကိုကိုနိုင် ၊ရက္ခအောင်နိုင်စည်အဖွဲ့ခေါင်းဆောင် ကိုဦးမောင်တို့မှ ဆရာတော် ဦးဥတ္တမ ၏ အတုယူဖွယ်ကောင်းသော ဘဝ ဖြတ်သန်းပုံတို့ကို အသီးသီးဟောပြောခဲ့ကြသည်ဟု သိရသည်။

41377086_2091035714241828_5792442484525105152_n

ကိုးရီးယားနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားမှာ တက်ရောက်သူ အများအပြားရှိခဲ့ပြီး စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု ဦကိုကိုနိုင်က ပြောကြားသည်။

“ ကြွရောက်လာကြတဲ့ ဧည့်သည်တော်တွေနဲ့ ရက္ခအောင်နိုင် စည်တော်အဖွဲ့ တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆိုပြီး အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါတယ်” ဟု ဦးကိုကိုနိုင်က ပြောဆိုသည်။

အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်များအား မိဘနှစ်ပါးအားရည်စူး၍ နေ့  ကိုမြင့်အောင်(ရမ်းဗြဲ)မှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။