English News

ဆရာတော် ဦးဝီရသူ စစ်တွေတွင် ရောက်ရှိ

နိရဉ္စရာ၊ ဇူလိုင် ၁၁

19959354_1581491425196262_6717170890757962756_n

မန္တလေး မစိုးရိမ်ကျောင်းတိုက်သစ် ဆရာတော် ဦးဝီရသူသည် ဇူလိုင် ၁၀ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

“ ဆရာတော် ကြွလာတာက ရခိုင်ပြည်နယ် ကယ်ဆယ်ရေး ကိစ္စနဲ့ ရောက်လာတာပါ။ နယ်စပ်ဒေသနေ ရခိုင်တိုင်းရင်းသားတွေကို ကူညီထောက်ပံ့ရေး ကိစ္စနဲ့ ကြွလာတာပါ” ဟု ဆရာတော်နှင့် အနီးကပ်ရှိနေသည့် စစ်တွေမြို့မှ ဆရာတော် တစ်ပါးက ပြောသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ ယနေ့တွင် စတင်မည့် ရခိုင်ခရီးစဉ်နှင့် ဆရာတော် ဦးဝီရသူ ရခိုင်ခရီးစဉ် တိုက်ဆိုင်နေသဖြင့် တစ်စုံတစ်ရာ ဆန့်ကျင်ကန့်ကွက်မှု ပြုလုပ်ရန်ရှိပါသလားဟု ဆက်လက်လျှောက်ထား မေးမြန်းရာ “ မစ္စယန်ဟီးလီရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်တာ သက်သက်ပါ။ ဆရာတော်က ကယ်ဆယ်ထောက်ပံ့ရေး အစီအစဉ်အရ လာတာပါ။ ယန်ဟီးလီရဲ့ ခရီးစဉ်နဲ့ ဘာမှ ပတ်သက်မှု မရှိပါဘူး။ ဘုန်းကြီးတစ်ပါးအနေနဲ့ ဒါမျိုးတွေကို မလုပ်ပါဘူး” ဟု ၎င်းဆရာတော်က ပြောကြားသည်။

ဆရာတော်၏ ရခိုင် ခရီးစဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာ လုံခြုံရေးအရ မပြောနိုင်သေးကြောင်းဖြင့် ဆက်လက် ပြောကြားသည်။

(ဓာတ်ပုံ- ဖေ့စ်ဘုတ် ဦးစိုးနိုင်နိုင်)