Advertising
English News

တရားရုံးရှေ့မှ လမ်းကို ပိတ်ပြီ

စစ်တွေခရိုင် တရားရုံးရှေ့ရှိ အများပြည်သူများ သွားလာနေသည့် လမ်းကို ယနေ့ နံနက် ၉ နာရီ ၄၃ မိနစ်တွင် ရဲက ဘားဝါယာများဖြင့် ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။

27544699_1822093751136027_8141980486534564165_n

ယခုပိတ်လိုက်သော လမ်းများမှာ တရားရုံးနှင့် ပြည်နယ်ထွေအုပ်ရုံး အကြား မေယုလမ်း၊
ခိုင်သဇင် ခန်းမနှင့် တရားရုံးအကြား ပြည်တော်သာလမ်းတို့ ဖြစ်ကြသည်ဟု ၎င်းနေရာသို့ ရောက်နေသည့် နိရဉ္စရာ သတင်းထောက် စံမောင်သန်းက ပြောသည်။

များမကြာမီ ဒေါက်တာအေးမောင်တို့အား တရားရုံးတင်ရန် စစ်တွေထောင်ထဲမှ ခေါ်ယူလာတော့မည်ဖြစ်ကြောင်း သိရသည်။