English News
  •   မေယုFM ထုတ်လွှင့်နေခြင်းအားရပ်တန့်ပေးရန် Arakan Youth Forum မှသဘောထားထုတ်ပြန်။

ထိုင်းတွင်အလုပ်လုပ်နေသည့် ရခိုင် ညီအစ်ကို ရန်ဖြစ်ရာမှ အစ်ကိုက ညီဖြစ်သူအား ထိုးသတ်

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၃ဝ

15823466_1387835904561816_6809027925617885140_n

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒီပါရုံကျေးရွာမှ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် အလုပ် လုပ်ကိုင်နေသည့် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာမှ အစ်ကိုဖြစ်သူက ညီဖြစ်သူအား ဘုရားရေချမ်းအိုး အကွဲဖြင့် ထိုး၍ ညီဖြစ်သူသေဆုံးသွားသည်ဟု အတူနေမိတ်ဆွေများက နိရဉ္စရာကို ဆက်သွယ်ပြောကြားလာသည်။

အစ်ကိုဖြစ်သူမှာ မဟာချိုင်မြို့ရှိ သံရည်ကြိုစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃ဝ ကျော်အရွယ် ကိုကျော်လင်းဖြစ်ပြီး ညီဖြစ်သူမှာ သံဇာကာလုပ်သည့်စက်ရုံတွင်အလုပ်နေသည့် အသက် ၂၇ နှစ်အရွယ် ကိုကျော်မင်းထွန်းဖြစ်သည်။

“ဒီလ ၂၈ ရက်နေ့က အစ်ကိုဖြစ်သူရဲ့အလုပ်မှာ နှစ်သစ်ကူးပျော်ပွဲစားလုပ်တယ်။ အစ်ကိုဖြစ်သူက အဲဒီနေ့ ညနေ ၃ နာရီလောက်မှာ သောက်ပြီးပြန်လာတယ်။ ညီဖြစ်သူက အလုပ်သွားဖို့လုပ်နေတုန်း အဲဒီမှာ စကားများကြတယ်။ ညီက တွန်းလိုက်တော့ အစ်ကိုဖြစ်သူက နောက်ကိုလဲကျသွားပြီး ကြွေနဲ့လုပ်ထားတဲ့ဘုရားပန်းအိုးလည်း ကွဲသွားတယ်။ အဲဒီပန်းအိုးအကွဲနဲ့ ၂ ချက်ထိုးလိုက်တာပဲ။ ထိုးပြီး အစ်ကိုက အပြင်ထွက်သွားတယ် ”ဟု အခန်းဖော်ဖြစ်သူ ကိုသိန်းအောင်မြင့်က ပြောသည်။

ဖြစ်စဉ်ဖြစ်ပြီးနောက် အထိုးခံရသူကို ဆေးရုံပို့မည်ပြင်သော်လည်း ဆေးရုံသို့ မပို့နိုင်လိုက်ဘဲ သေဆုံးသွားသည်ဟု ဆိုသည်။

“အစ်ကိုကိုတော့ အခုထိ ဖမ်းမမိသေးဘူး”ဟုလည်း အထက်ပါအခန်းဖော်က ပြောသည်။

အစ်ကိုဖြစ်သူသည် အိမ်ထောင်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး သေဆုံးသွားသူမှာ လူပျိုတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

(သေဆုံးသူ ကိုကျော်မင်းထွန်း/ ဓာတ်ပုံ – ကိုသိန်းအောင်မြင့်က ပေးပို့သည်။)