English News

ဒိန်းမတ်နိုင်ငံမှ ရခိုင်ပြည်နယ်တွင် လူသားချင်းဆိုင်ရာ အကူအညီ ဒိန်းမတ် ခရိုနာ သန်း ၂၀ ထောက်ပံ့မည်

နိရဉ္စရာ၊ စက်တင်ဘာ ၁၁

21462904_1641740992504638_6844301834578017196_n

ဒိန်းမတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်းဆိုင်ရာ အကူအညီပေးရေးအတွက် ဒိန်းမတ်ခရိုနာ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၃.၂ သန်း ခန့်) ကို ကူညီထောက်ပံ့မည်ဟု သိရသည်။

ထိုသို့ ပေးအပ်မည် ဖြစ်ကြောင်းကို ဖွံ့ဖြိုးမှူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒိန်းမတ်နိုင်ငံဝန်ကြီး Ms.Ulla Tørnæs က စနေနေ့တွင် အတည်ပြုလိုက်ကြောင်း ရန်ကုမြို့ ပြည်လမ်း ၆မိုင်ရှိ ဒိန်းမတ်သံရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအကူအညီမှာ မြန်မာနိုင်ငံတော် အစိုးရမှ ဦးဆောင် ဦးရွက်ပြုသော လူသားချင်း ဆိုင်ရာ အကူညီပေးခြင်း ဆောင်ရွက်မှူများကို ပံ့ပိုးသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross- ICRC) မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း၊ အထူး သဖြင်ံ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရှိ အကူအညီ လိုအပ်နေသူ အားလုံး ထံသို့ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ မှူများအရ ပေးအပ်သွားမည်ဖြစ်ကြောင်း သံရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော် အစိုးရ နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည့် သမာသမတ်ရှိခြင်း၊ လွတ်လပ်မှုရှိခြင်း စသည့် အခြေခံစည်းမျဉ်းများအတိုင်း လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှူများပေးအပ်ရေး ဆောင်ရွက်မည့် ကြက်ခြေနီလှုပ်ရှားမှု (The Red Cross Movement) အစီအစဉ်အားလည်း ဒိန်းမတ်နိုင်ငံက ကြိုဆိုပါကြောင်း ဖော်ပြထားသည်။