Advertising
English News

ဒုက္ခသည်တွေ ပြန်ခေါ်ရေး ဆွေးနွေးရန် လူကယ်ပြန်ဝန်ကြီး ဘင်္ဂလာဒေ့ရှ်သို့ထွက်ခွာ

နိရဉ္စရာ၊ ဧပြီ ၁၀

30516293_1889219757756759_252070178903293952_n

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး ဦးဆောင်သော မြန်ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၁၀ ရက် ယနေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး ဦးဆောင်သော မြန်ကိုယ်စားလှယ် အဖွဲ့တွင် ဒေါက်တာအောင်ထွန်းသက်နှင့် အစိုးရ ထိပ်တန်းခေါင်းဆောင်များလည်း လိုက်ပါသွားကြောင်း သိရသည်။

ဘင်္ဂလာဒေ့ရှ်မှ လာသော သတင်းများအရ မြန်မာကိုယ်စားလှယ်အဖွဲ့စည် ဘင်္ဂလာဒေ့ရှ် အစိုးရတာဝန်ရှိသူများနှင့် ဒုက္ခသည်များ ပြန်လည် လက်ခံရေး ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု သိရသည်။

၎င်းပြင် ဒေါက်တာ ၀င်းမြတ်အေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကော့စ်ဘဇား ခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးသွားကြသည့် ဘင်္ဂလီ ဒုက္ခသည် စခန်းများသို့လည်း သွားရောက်ကြမည်ဟု သိရသည်။