English News

ဒုက္ခသည် ၁၀၀ ခန့် ကျောက်တော် ဒုက္ကန်ချောင်းရွာသို့ ထွက်ပြေး ရောက်ရှိ

မဘုကေ
စစ်တွေ၊ သြဂုတ် ၃၀

21150217_1631030900242314_4697314018046828673_n

ဘူးသီးတောင်မြို့နယ်မှ ဒိုင်းနက်မျိုးနွယ်စုဝင် ရွာသား ၇၉ ဦးသည် တောတောင်များကို ဖြတ်ကျော်ထွက်ပြေးလာပြီးနောက် ကျောက်တော်မြို့နယ် ဒုက္ကန်ချောင်းရွာသို့ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီက ဘေးမသီရန်မခဘဲ ရောက်ရှိလာသည်ဟု သတင်း ရရှိသည်။

ဒုက္ကန်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက“ ဒိုင်းနက် လူမျိုး ဒုက္ခသည်ပေါင်း ၇၉ ဦးဖြစ်ပါတယ်။ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီလောက်မှာ ရောက်တာပါ။ သူတို့ကို လက်ရှိ ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ထားထားပါတယ်” ဟု ကပြောသည်။

အဆိုပါ ဒုက္ခသည်များရှိရာသို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှ လာရောက်ပြီး ဆန်အိတ် ၂၀ နှင့် ခေါက်ဆွဲခြောက်များ ဆေးစိမ် ခြင်ထောင်များ အားထောက်ပံ့ခဲ့သည် ဟု သိရသည်။

21149922_1631031713575566_6564429079062338953_n

ဒုက္ခသည်များအား အဆိုပါကျေးရွာမှ လိုအပ်သည်များကိုလည်း ထောက်ပံ့လျက်ရှိသည်ဟု သိရသည်။

အဆိုပါ ဒုက္ခသည်များသည် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုမှ ဖြစ်ကြပြီး အနီးအနားရှိ တောင်ဘဇားကျေးရွာအား အကြမ်းဖက် ဘင်္ဂလီရွာသားများက ၀ိုင်းဝန်းတိုက်ခိုက်ခံရပြီး စိုးရိမ်ကာ ကိုယ့်ဒေသကို စွန့်ခေါ်၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဒုက္ကန်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးအောင်ကျော်စောက ပြောသည်။

(ဒုက္ကန်ချောင်းတွင် ရောက်ရှိခိုခုံနေကြသူများ)