English News

နတ်မြစ်ကမ်းခြေတစ်လျှောက်ငါးပေါများ

နိရဉ္စရာ၊ အောက်တိုဘာ ၇

22310559_1695844177094319_5545447149019732283_n

ဘင်္ဂလီလူမျိုးအများအပြား တစ်ဘက်နိုင်ငံသို့ ထွက်ပြေးသွားပြီးနောက် နတ်မြစ်ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ကမ်းစပ် ရေပြင် တစ်လျှောက်တွင် ငါးများ အထူးပေါများလာသည်ဟု ဒေသခံ ရခိုင်အမျိုးသား တစ်ဦးက ပြောကြားသည်။

“ တစ်ည ပိုက်ကလေးတွေနဲ့ သွားတန်းတာ ငါးက ၆ သစ် ၇ သစ်အဲသလို ရပါတယ်။ ကကတစ်တွေ အများဆုံးရပါတယ်။ အရင်က ဒီလိုရတာ မရှိပါဘူး။ နောက်တစ်လ နှစ်လဆိုရင် ငါးတွေက လူတွေကို တက်ကိုက်နိုင်ပါတယ်” ဟု မောင်တော တောင်ပိုင်း အင်ဒင်ကျေးရွာသား တစ်ဦးက ပြောသည်။ ( ၂သစ်ခွဲသည် တပိသာနှင့်ညီသည်)

ငါးဖမ်းသူ မရှိ၍ ငါးများ အထူးပေါများလာသဖြင့် အင်ဒင်ရွာသားများအနေဖြင့် ပင်လယ်ကမ်းနီးတစ်လျှောက်တွင် ငါးဖမ်းလုပ်ငန်းကို ပြန်လည် လုပ်ကိုင်ရန် စိတ်အား ထက်သန်နေကြောင်းလည်း သူက ပြောကြားသည်။

မောင်တောမြို့နယ် တောင်ပိုင်းတွင် ဘင်္ဂလီလူမျိုး သိန်းချီနေထိုင်ခဲ့ပြီး ပင်လယ်ပြင်ငါးလုပ်ငန်းကို ၎င်းတို့မှ ကြီးစိုးထားခဲ့ရာမှ ရခိုင်တိုင်းရင်းသားများမှာ ငါးဖမ်းရန် အခွင့်အရေးများ မရရှိခဲ့ကြောင်း သူက ပြောသည်။

“ ကျွန်တော်တို့က ပင်လယ်ပြင်ကို မဆင်းနိုင်ခဲ့တာ ကြာပါပြီ။ သူတို့က အင်အားလည်းများတယ်။ ငါးဖမ်းဘုတ်တွေကလည်း ကြီးကြီးတွေနဲ့ ဖမ်းနေကြတယ်။ တိုင်းရင်းသားတွေကို ခြိမ်းခြောက်တာတို့၊ ပိုက်တွေကို ဖျက်ဆီးပစ်တာတွေလည်း ရှိတဲ့ အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့ငါးလုပ်ငန်းတွေ ပျက်စီးသွားတာ ကြာပါပြီ။ အခုတော့ ငါးဖမ်းလုပ်ငန်းတွေ ပြန်လည် စမယ်ဆိုရင် ရနိုင်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့ အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးထွန်းမင်းဦးက သူတို့ ကုမ္ပဏီအနေဖြင့် ရခိုင်တိုင်းရင်းသားများ ငါးလုပ်ငန်းကို ပြန်လည် စတင် လုပ်ကိုင်နိုင်ရန် အတွက် တန်းကေး ငါးဖမ်းသင်္ဘောများဖြင့် ဖမ်းနိုင်ရန် စီစဉ်နေကြောင်း၊ များမကြာမီ ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလန်းများ ရရှိနိုင်ကြောင်း ပြောကြားသည်။

(Photo- Kaung Htet | Tat Lan)