Advertising
English News

နာယာပါရာယူအန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးကို သေနတ်နှစ်လက်၊ ယာဘာစိတ်ကြွဆေးပြားများဖြင့် ဖမ်းမိ

နိရဉ္စရာ၊ စက်တင်ဘာ ၁၄

41853889_2096782940333772_5439830668865437696_n

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ နာယာပါရာ ယူအန်အသိအမှတ်ပြု ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဓားပြတစ်ဦးကို သေနတ်နှစ်လက်၊ ယာဘားစိတ်ကြွဆေးပြားများနှင့် အတူ ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း Teknafnews.com တွင် ဓာတ်ပုံနှင့် တကွ ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ နာယာပါရာ ယူအန်အသိအအမှတ်ပြု ဒုက္ခသည်စခန်း Block E ၊ အခန်းအမှတ် ၂၀၅ တွင် နေထိုင်သူ ဟူဆောင်အာမတ်၏ သားဖြစ်သူ ဇော်ဟီရ်အာလောင် (၃၅) နှစ် ဖြစ်ကြောင်း ၎င်းသတင်းတွင် ဖော်ပြသည်။

တက်ကနက်ရဲစခန်းမှ ရဲအရာရှိ ရောင်ဇီဘရ၀ါမှ ဦးဆောင်ပြီး သတင်းအရ ၎င်းဒုက္ခသည် စခန်းရှိ ဇော်ဟီရ်အာလောင်၏ အခန်း ၂၀၅ အား စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ၀င်ရောက် ရှာဖွေရာ အိမ်ခေါင်ထက်တွင် ထိုးထားသော ပေါ်လတိန်းအိတ် အထုပ်တစ်ထုပ်ကို ရှာဖွေစစ်ဆေးရာမှ ဒေသလုပ် သေနတ် အရှည် တစ်လက်၊ အတို တစ်လက်၊ စုစုပေါင်း ၂ လက်၊ ကာတူ ကျည်ဆံ ၄ တောင့်၊ ယာဘားစိတ်ကြွဆေးပြား ၇၀၀၀ ကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

ယခု ဖမ်းဆီးမိသူမှာ နုရ်အာလောင်ဦးဆောင်သည့် ဓါးပြအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ယခင်ကပင် လူဆိုးစာရင်းဝင် ရဲမှ အလိုရှိနေသူဟု သိရသည်။

ဘင်္ဂလာနိုင်ငံရှိ မြန်မာဘက်က ထွက်ပြေးသွားသည့် မူဆလင် ဒုက္ခသည်စခန်းများတွင် မှောင်ခို လူဆိုး ဂိုဏ်းများ သောင်းကျန်းနေမှုကြောင့် ရဲတပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုမိုတိုးချဲ့ ချထားရသည်ဟု လည်း သတင်းတွင် ဖော်ပြထားသည်။