Advertising
English News

နိရဉ္စရာရခိုင်သတင်းဂျာနယ်ထွက်ပြီ

Cover-5-32

နိရဉ္စရာ၊ ဒီဇင်ဘာ ၁

အတွဲ(၅)၊ အမှတ်(၃) ဒီဇင်ဘာလထုတ် နိရဉ္စရာ ရခိုင်သတင်းဂျာနယ် ထွက်ရှိလာပြီ ဖြစ်ပါသည်။

ယခုထွက်ရှိလာသည့် နိရဉ္စရာဂျာနယ်တွင် အောင်ကြည်မိုး (သင်ပုန်းတန်း)၏ အထူးကုဆရာဝန်ကြီးများ အလိုရှိသည်၊ ကိုဌေးဝင်း၏ ဘုန်းကြီးကျောင်းသားဘ၀မှသည် ပါမောက္ခဆီသို့၊ ဆရာချစ်ဝင်းမောင်၏ ဘင်္ဂလီတွေဘာလို့ ပြန်မလာကြသလဲ၊ ဆရာဇင်လင်း၏ ၂၀၂၀ရွေးကောက်ပွဲတွင် ဒီမိုကရေစီဘက်က အရေးလှစေရန် မဟာဗျူဟာတစ်ရပ်ရှိစေလိုသည်၊ ANP, ALD, ရခိုင်ဦးဆောင်ပါတီစတဲ့ ရခိုင်ပါတီတွေ ဘာကြောင့် မပေါင်းနိုင်ကြသလဲ သုံးသပ်ချက်၊ ဆရာ Michael Maw ရဲ့ စင်္ကာပူရာဇ၀င်ကို ခဏ ထိုးဖောက်ကြည့်ခြင်း၊ ဆရာရက္ခ၏ နေပူတောင်အတွက် မျှော်လင့်ခြင်း မနက်ဖြန်၊ ရခိုင်မဟာရာဇ၀င်ကြီး ကျမ်းပြုဆရာကြီး ဦးထွန်းရွှေခိုင်ရဲ့ ဘ၀ဖြတ်သန်းမှု ဒိုင်ယာရီ၊ ဇလွန်ပြည်တော်ပြန်ဘုရားရဲ့ စိတ်ဝင်စားဖွယ်နောက်ခံ ဖြစ်ရပ်များနှင့် ရခိုင်အမျိုးသားစာရေးဆရာကြီး ဖိုးကျော့ အမျိုးသားစာပေ တစ်သက်တာဆုရရှိ စသည့် ဆောင်းပါးများ ပါဝင်သည်။

တွေ့ဆုံမေးမြန်းခန်းတွင် မြောက်ဦးစစ်တမ်းဖြင့် အမျိုးသားစာပေဆုရ ဆရာ ဦးမောင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်းခန်း၊ ဂျပန်နိုင်ငံမှ ကျောက်ဖြူ- စစ်တွေ- မြောက်ဦးမြို့များသို့ များမကြာခင်က လာရောက်လည်ပတ်ခဲ့ကြသည့် ဂျပန်လူမျိုး Nihon Denpa News Co..Ltd မှ ထုတ်လုပ်သူ Mr Hitoshi Kumagai နှင့် Asia Watch ( Research&Broadcast) ဥက္ကဋ္ဌ Mr Uzaki Makoto တို့နှင့် အင်တာဗျူး၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်နှစ်ခု ကိုယ်စားပြု မဲဆန္ဒနယ် အမှတ် (၁၀) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦကျော်သန်းနှင့် အင်တာဗျူး၊ ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်နှင့် အင်တာဗျူးတို့ကို ဖော်ပြထားပါသည်။

၎င်းပြင် ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပျက်ခဲ့သော သတင်းများ၊ အိမ်နီးချင်းဘင်္ဂလာဒေ့ရှ်မှ သတင်းများ၊ နိုင်ငံတကာသတင်းများ၊ အားကစားသတင်းများဖြင့် ဝေေ၀ဆာဆာထည့်သွင်း ဖော်ပြထားပါသည်။

နိရဉ္စရာ ဂျာနယ်အား ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုနှင့် ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ် ဖားကန့်တွင် ဒီဇင်ဘာ ၃ ရက်နေ့မှစတင် ဖြန့်ဝေမည် ဖြစ်ပါသည်။

ရန်ကုန်မြို့တွင် မှာယူလိုသူများသည် ကိုမောင်ကြီး (ဖုန်း- ၀၉၄၂၁၁၃၆၃၈၃) သို့လည်းကောင်း၊ ရန်ကုန်မြို့ ရွှေပြည်သာအတွက် ကိုစိုးမင်း(ဖုန်း- ၀၉၂၅၈၇၉၉၇၈၈) သို့ ဆက်သွယ်မှာ ယူနိုင်ပါသည်။