English News

နိရဉ္စရာသတင်းထောက် ကိုနောင်ခိုင်အောင် ရှစ်ကြိမ်မြောက် သွေးလှူ

နိရဉ္စရာ၊ မေ ၁၉

18519780_1526947453983993_1260224122391099098_n

နိရဉ္စရာမှ သတင်းထောက် တစ်ဦးဖြစ်သူ ကိုနောင်ခိုင်အောင်သည် ယနေ့တွင် ရှစ်ကြိမ်မြောက် သွေးလှူခဲ့သည်။

စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ကိုနေလင်း၏ ချစ်သမီး အသက် (၄) နှစ် အရွယ် မအေးမြတ်သွယ် အတွက် ယနေ့ ညနေ ၃ နာရီ မိနစ် ၂၀ ခန့် အချိန်တွင် သွားရောက် လှူဒါန်းခဲ့ခြင် ဖြစ်ကြောင်း သိရသည်။

“ လူတစ်ယောက်ရဲ့ အသက်ကို ကျနော်သွေးနဲ့ ကယ်တင်ရတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ သွေးလှူရတဲ့ ရည်ရွယ်ချက်ကလည်း သူတစ်ပါး အသက်ကို ကယ်ချင်လို့ လှူတာဖြစ်တဲ့ အတွက် ခုလို လှူဒါန်းရတဲ့ အပေါ် အရမ်း ပီတိ ဖြစ်ပါတယ်” ဟု ကိုနောင်ခိုင်အောင်က ပြောသည်။

ကိုနောင်ခိုင်အောင်သည် ပလက်ဝမြို့ဇာတိ ဖြစ်ပြီး လက်ရှိအချိန်တွင် နိရဉ္စရာ သတင်းဌာန၏ ELTV ( Ethnic Language TV Program) တွင် ရိုက်ကူးရေးနှင့် အစီအစဉ် တင်ပြသူ အဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး သတင်းများလည်း ရေးသားနေသူ ဖြစ်သည်။

ကိုနောင်ခိုင်အောင် အနေဖြင့် ပလက်ဝမြို့တွင် (၂) ကြိမ်၊ စစ်တွေတွင် ယခုတစ်ကြိမ်နှင့်ပါဆိုလျှင် (၆) ကြိမ်မြောက် သွေးလှူဒါန်းခဲ့ပြီ ဖြစ်သည်။