Advertising
English News

ဖမ်းဆီးခံ ဒေါက်တာအေးမောင်နှင့်ကိုဝေဟင်အောင် လွတ်မြောက်ရေးဆုတောင်းပွဲ စစ်တွေတွင် ပြုလုပ်

နိရဉ္စရာ၊ သြဂုတ် ၅

38655887_2037067002972033_7502266177628930048_n

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် စစ်တွေတွင် ယနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းဆုတောင်းပွဲကို စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ယနေ့ နေ့လယ် ၂ နာရီအချိန်က စတင်ခဲ့ရာ ဒေသခံ ပြည်သူ ၃၀၀ ကျော် ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု ဆုတောင်းပွဲ ဖြစ်မြောက်ရေးကို ဦးဆောင်သူ ဒေါ်ကျော့စိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ တာဝန်သိ ပြည်သူတွေက ဦးဆောင်ပြီး လုပ်တာပါ။ ဒေါက်တာ အေးမောင်တို့ ဖမ်းဆီး ခံထားရတာ ရခိုင်ပြည်သူ တစ်ရပ်လုံးက မတရားလို့ မြင်တဲ့ အတွက် အားလုံးက သူတို့ လွတ်မြောက်ရေးကို လိုချင်တယ်။ ဒီအတွက် ဒေါက်တာ အေးမောင်နဲ့ ဆရာဝေဟင်အောင်တို့ နှစ်ဦး လွတ်မြောက်ရေးအတွက် ဆုတောင်းကြတာသာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

38458622_2037067329638667_6278219872866402304_n

ဆုတောင်းပွဲတွင် ဆီးမီးများထွန်းညှိပြီး ပန်းများဆက်ကပ်ကာ ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြပြီး အခမ်းအနားအပြီးတွင်လည်း သူတို့နှစ်ဦးအား အမြန်ဆုံး လွတ်ပေးရန် ကြွေးကြော်သံများ ကြွေးကြော် ကာ တောင်းဆိုခဲ့ကြသည်ဟု ဒေါ်ကျော့စိန်က ပြောကြားသည်။

ဆုတောင်းပွဲသို့ အရပ်ဝတ်ဖြင့် ရဲများ အနီးကပ်လာရောက် စောင့်ကြည့်မှုများရှိကြောင်း ဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“ အရပ်ဝတ်ရဲတွေ အများအပြားလာတာကိုတွေ့ရတယ်။ ဆုတောင်းတဲ့ လူတွေထဲကို ရောက်နေတာပါ။ ဒါပြင် အခမ်းအနား မစတင်မီကလည်း ရဲကား ၁၀ စီးလောက်နဲ့ ဘုရားကြီး ၀င်္ကာကွင်းကို ပတ်ပြီး အင်အားပြသလိုမျိုး ပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အခမ်းအနားကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ညနေ ၃ နာရီထိ တစ်နာရီကြာပြုလုပ်ခဲ့ကြောင်း သိရသည်။