Advertising
English News

ဘင်္ဂလာပင်လယ်ပြင်တွင် လက်နက်စမ်းသပ်ပစ်ခတ်မှုအတွင်း ဘင်္ဂလာဒေ့ရှ်ရေတပ်သား နှစ်ဦးသေဆုံး

နိရဉ္စရာ၊ စက်တင်ဘာ ၂၈

42641620_2113136998698366_3339391236472569856_n

ဘင်္ဂလာပင်လယ်ပြင် လက်နက်စမ်းသပ်ပစ်ခတ်မှုအတွင်း ဘင်္ဂလာဒေ့ရှ်ရေတပ်သား ၂ ဦး သေဆုံးပြီး အရာရှိ တစ်ဦးအပါအ၀င် ခုနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဘင်္ဂလာဒေ့ရှ်က လာသော သတင်းတစ်ရပ်တွင် ဖော်ပြသည်။

၎င်းမတော်တဆဖြစ်ရပ်မှာ ယမန်နေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း The Inter-Service Public Relations, or ISPR ကိုကိုးကားပြီး Bdnews24 က သတင်းဖော်ပြသည်။

သေဆုံးသူ ရေတပ်သား နှစ်ဦးမှာ အမ်းအမ်း ရဟာမန်နှင့် အမ်မိုတာလပ် တို့ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရသူများကို ဒက္ကားမြို့သို့ ဆေးကုသရန် ယူဆောင်သွားကြောင်း သိရသည်။

မည်ကဲ့သို့ မတော်တဆဖြစ်သည်ကိုမူ သတင်းတွင် ရေးသားဖော်ပြထားခြင်းမရှိပါ။